အဆိုတော် ယူအီနဲ့ မင်းသား လီဆောင်ယွန်းတို့ တွဲနေပြီ

အဆိုတော် ယူအီနဲ့ မင်းသား လီဆောင်ယွန်းတို့ တွဲနေပြီ

တောင်ကိုရီးယားအဆိုတော် ယူအီနှင့် မင်းသားလီဆောင်ယွန်းတို့က ၎င်းတို့နှစ်ဦး တွဲနေပြီဖြစ် ကြောင်း အတည်ပြု ပြောကြားခဲ့သည်။

ယူအီနှင့် လီဆောင်ယွန်းတို့သည် ၂၀၁၆ ခုနှစ်အစပိုင်းက တွေ့ဆုံပွဲတစ်ခုတွင် သိကျွမ်းခဲ့ပြီး နောက် ၎င်းတို့နှစ်ဦး တွဲနေသည်မှာ လပေါင်းများစွာ ကြာနေပြီဖြစ်ကြောင်း ပြည်တွင်းမီဒီယာတစ်ခုက အစောပိုင်းတွင် ဖော်ပြထားသည်။

“ကျွန်တော်တို့နှစ်ဦး တွဲနေတယ်ဆိုတဲ့ သတင်းဟာ မှန်ကန်ပါတယ်။ ကျွန်တော်တို့နှစ်ဦး တွဲနေတာ လအနည်းငယ်ကြာနေပါပြီ” ဟု ၎င်းတို့နှစ်ဦးက အတည်ပြု ပြောကြားခဲ့သည်။

လီဆောင်ယွန်းသည် ၂၀၀၇ ခုနှစ်က သရုပ်ဆောင်မင်းသားအဖြစ် အနုပညာလောကအတွင်း သို့ စတင်ဝင်ရောက်ခဲ့ပြီး “Seo-Yeong, My Daughter” နှင့် “Liar Game”  ဇာတ်ကားအပါအဝင်  နာမည်ကျော်ကြားသော ဇာတ်ကားများတွင် ပါဝင် သရုပ်ဆောင်ထားသည်။

ယူအီသည် “Afterschool” အမျိုးသမီး အဆိုတော်အဖွဲ့ဝင် တစ်ဦးအဖြစ် အနုပညာလောကသို့ ဝင်ရောက်ခဲ့ပြီး အဖွဲ့၏ ပွဲဦးထွက် တေးအယ်လ်ဘမ် “Diva” တွင် ပါဝင်ခဲ့သည်။ ယူအီသည် လက်ရှိအ ချိန်တွင် သရုပ်ဆောင်မင်းသမီးအဖြစ် လုပ်ဆောင်လျက်ရှိပြီး “Hogu’s Love”၊ “Marriage Contract”  နှင့် အခြားသော ဇာတ်ကားများတွင် ခေါင်းဆောင်မင်းသမီးနေရာမှ ပါဝင် သရုပ်ဆောင်လျက် ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly