စစ်ဒဏ်ခံ ယူကရိန်းနိုင်ငံအတွင်းရှိ ကလေးငယ်များနှင့် သွားရောက် တွေ့ဆုံခဲ့သည့် မင်းသား အော်လန်ဒိုဘလွန်း

စစ်ဒဏ်ခံ ယူကရိန်းနိုင်ငံအတွင်းရှိ ကလေးငယ်များနှင့် သွားရောက် တွေ့ဆုံခဲ့သည့် မင်းသား အော်လန်ဒိုဘလွန်း

အက်ရှင်မင်းသားအဖြစ် လူသိများသော မင်းသား အော်လန်ဒိုဘလွန်းသည် ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF)၏ သံတမန်တစ်ဦးအဖြစ် ယူကရိန်းနိုင်ငံသို့ သွားရောက်ခဲ့ပြီး နိုင်ငံ အရှေ့ပိုင်းရှိ ပဋိပက္ခဖြစ်ပွားနေသော ရှေ့တန်းစစ်မြေပြင်မှ သုံးကီလိုမီတာအကွာရှိ ကျောင်းများ သို့ သွားရောက်ကာ ပဋိပက္ခဒဏ်ကို ခံစားခဲ့ရသော ကလေးငယ်များနှင့် တွေ့ဆုံခဲ့သည်။

The Lord Of The Rings ကြယ်ပွင့် အော်လန်ဒိုဘလွန်းသည် ပဋိပက္ခများ ဖြစ်ပွားနေသော နေရာမှ မိုင်အနည်းငယ်မျှ ကွာဝေးသော ကျောင်းများသို့လည်း သွားရောက်ခဲ့သည်။ ဒေသတွင်း စစ်ပွဲများ ဖြစ်ပွားနေချိန် အမြှောက်များ ထိမှန်ခဲ့သော စာသင်ခန်းများသို့ သွားရောက်ကာ တိုက်ခိုက် မှုများကို ခံစားခဲ့ရသော ကျောင်းနေကလေးများနှင့်လည်း တွေ့ဆုံခဲ့သည်။

ကျောင်းသို့ အလည်အပတ် သွားရောက်ခဲ့မှုနှင့် စပ်လျဉ်း၍ အော်လန်ဒိုဘလွန်းက ပြောကြား ရာတွင် ကလေးငယ်များက ဆိုးရွားသော ပဋိပက္ခအတွင်း ၎င်းတို့၏ အံ့သြထိတ်လန့်ဖွယ် မချိမဆံ့ခံ စားခဲ့ရသော အသက်ရှင်ကျန်ရစ်မှု ဇာတ်ကြောင်းကို ပြောကြားခဲ့ပုံလည်း ထည့်သွင်းပြောကြားခဲ့သည်။

ကလေးငယ်များက အော်လန်ဒိုကို ၎င်းတို့ စာသင်ခန်းနှင့် ကျောင်းအတွင်း လိုက်လံပြသခဲ့ ကြောင်းနှင့် အော်လန်ဒိုသည် ကလေးငယ်များနှင့် ရင်းရင်းနှီးနှီး စကားပြောကြားခဲ့သည့်အပြင် စားပွဲတင် တင်းနစ်လည်း ကစားခဲ့သည်။

အော်လ်ဒို ယူကရိန်းနိုင်ငံသို့ သွားရောက်မှုသည် Education Cannot Wait  fund အစီစဉ် အစိတ်ပိုင်း တစ်ရပ်အဖြစ် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အရေးပေါ်လုပ်ငန်းစဉ်များတွင် ကလေးငယ်များ ကြုံတွေ့နေရသော ကမ္ဘာလုံးဆိုင်ရာ ပညာရေးအကြပ်အတည်း သတိထားမိစေရေး အတွက် အထောက်အကူပြုရန်ဖြစ်သည်။

“ပညာရေးဟာ အရေးအပေါ်အသက်ရှင်နေထိုင်မှုကို ပြောင်းလဲပေးနိုင်တယ်။ ကျောင်းတွင် ပညာသင်ယူခြင်းဟာ လူကုန်ကူးမှုကဲ့သို့ နှိပ်စက်ညှင်းပန်းခံရခြင်းတွေနဲ့ လက်နက်ကိုင်အဖွဲ့အတွင်း လူသစ်ဆုဆောင်းခံရခြင်းတွေကနေ ကလေးငယ်တွေကို ကာကွယ်ပေးတယ်။ သူတို့ရဲ့ အနာဂတ်အ တွက် အရေးပါတဲ့ ရင်းနှီးမြှုပ်နှံမှု တစ်ခုဖြစ်တယ်။ ရေ၊ အစားအစာ၊ အမိုးအကာတို့နဲ့အတူ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ တုံ့ပြန်မှုရဲ့ အခြေခံကျတဲ့ အရေးပါသော အစိတ်ပိုင်းတစ်ရပ်အဖြစ် နိုင်ငံ တကာ အသိုင်းအဝိုင်းက ပညာရေးကို ပထမဦးစားပေးအနေနဲ့ လုပ်ဆောင်ဖို့ အချိန်ဖြစ်နေပါပြီ” ဟု UNICEF ၏ ကမ္ဘာလုံးဆိုင်ဆိုင်ရာ ပညာရေးအကြီးအကဲ ဂျိုးစဖင်းဘွန်က ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required