ပဋိပက္ခမှာအမျိုးသမီးနဲ့ ကလေးတွေဟာ အန္တရာယ်အများဆုံးနဲ့ ဒုက္ခအရောက်ဆုံး

ပဋိပက္ခမှာအမျိုးသမီးနဲ့ ကလေးတွေဟာ အန္တရာယ်အများဆုံးနဲ့ ဒုက္ခအရောက်ဆုံး

(ဆွီဒင်နိုင်ငံ ဖွံ့ဖြိုးမှု ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးနှင့် အသေးစိတ်တွေ့ဆုံ မေးမြန်းချက်)

ဆွီဒင်နိုင်ငံ၏ ဖွံ့ဖြိုးမှု ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး အစ်စဘဲလားလိုဗင် (Isabella Lövin) က မြန်မာနိုင်ငံအတွက်  ငြိမ်းချမ်းရေးအပါအဝင် အမျိုးသမီးများအရေးကို ကူညီသွားမည်ဟု မဇ္ဈိမနှင့် အသေးစိတ် မေးမြန်းမှုတွင် ပြောသွားသည်။

ဖွံ့ဖြိုးမှု ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး အစ်စဘဲလားလိုဗင် (Isabella Lövin) နှင့် မဇ္ဈိမအယ်ဒီတာချုပ်နှင့် မန်နေဂျင်းဒါရိုက်တာ ဦးစိုးမြင့်တို့ တွေ့ဆုံမေးမြန်းမှုကို သံမှူးကြီးနှင့် သံရုံးတာဝန်ခံ ဂျိုဟန်ဟယ်လင် ဘော့သ် (Johan Hellenborh) ကလည်း ကူညီဖြေကြားပေးခဲ့သည်။

မေး။ ဆွီဒင်နိုင်ငံရဲ့ အားကောင်းချက်တခုက ပြည်သူ့အုပ်ချုပ်ရေးစနစ်ပါ။ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုမှာ ဒီ အကြောင်းလေးရောပြောပြပါလား။

သံမှုးကြီး (Johan Hellenborh) (ဖြေ) ။ အစိုးရအုပ်ချုပ်မှုစနစ် တောင့်တင်းခိုင်မာမှုအတွက် ကုလဖွံ့ဖြိုးရေးအစီအစဉ် UNDP ကပြုလုပ် နေတဲ့ အစီအစဉ်ကို ထောက်ပံ့ကူညီနေပါတယ်။ ဒီတော့ အစိုးရအုပ်ချုပ်မှုစနစ်နဲ့ပတ်သက်လို့နှစ်နိုင်ငံ အကျိုးတူအစီအစဉ်တွေမရှိပါဘူး။ UNDP ကလုပ်နေတဲ့ မြန်မာနိုင်ငံ အုပ်ချုပ်ရေးစနစ်ကိုဘဲထေက်ပံ့ ကူညီနေပါ တယ်။ အဲဒီမှာ ဒေသန္တရ အုပ်ချုပ်ရေးစနစ်ပါပါတယ်။ ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို သင်တန်း ပေးတာလို အဆောက်အအုံ ခိုင်မာအားကောင်းရေးလုပ်ငန်းတွေပါဝင်ပါတယ်။ တရားဥပဒေစိုးမိုးမှုလုပ် ငန်းတွေကိုလဲ ကူညီထောက်ပံ့ပေးနေပါတယ်။ ဒီတော့ဒီကိစ္စမှာကျွန်မတို့အစိုးရကကူညီဆောင်ရွက် ပေးနေပါတယ်။ နှစ်နိုင်ငံအကျိုးတူဆောင်ရွက်မှုအစီအစဉ်တော့မရှိပါဘူး။

သံအမတ်ကြီး (ဖြေ) ။ ပိုမိုနီးကပ်တဲ့ပူးပေါင်းဆောင်ရွက်မှုမျိုးတော့ရှိလာနိုင်ပါတယ်။ ၂၀၃၀ ပြည့်နှစ်ကမ္ဘာလုံး ဆိုင်ရာအစီအစဉ်မှာပါဝင်လာနိုင်ပါတယ်။

မေး။ ဆွီဒင်ကနော်ဒစ်နိုင်ငံတနိုင်ငံပါ။ ဒီတော့ မြန်မာနိုင်ငံကဖွံ့ဖြိုးရေးလုပ်ငန်းတွေနဲ့ပတ်သက်လို့ရှိရင် နော်ဒစ်နိုင်ငံ အချင်းချင်း ဘယ်လိုညှိနှိုင်းဆောင်ရွက်မှုတွေ လုပ်ပါသလဲ။

ဖြေ။ ကျွန်မတို့သံရုံးတွေက အဆောက်အဦတခုထဲမှာအတူတူရှိနေတော့ ဒီကိစ္စအတွက် အားသာချက်ရှိပါတယ် နေ့တိုင်းတိုင်ပင်ညှိနှိုင်းမှုလုပ်နိုင်ပါတယ်။ ညှိနှိုင်းတိုင်ပင်မှုအများစုဟာ အလွတ်သဘော လုပ်သွားတာများ တယ်လို့ထင်ပါတယ်။ နော်ဒစ်နိုင်ငံအားလုံးက ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံတွေမဟုတ်ဘူး။ နော်ဝေမပါဘူး။ ဆွီဒင်နဲ့ ဖင်လန်ကပါတယ်။ ဒီတော့ဥရောပသမဂ္ဂနဲ့လဲ ညှိနှိုင်းမှုတွေလုပ်ရတယ်။ ဒီတော့ဒီလိုနီးနီးကပ်ကပ် ဆက်ဆံမှုကနေ တယောက်နဲ့တယောက် အသိပေးပြီးဖြစ်သွားရော။ ပုံသေရုံးလုပ်ငန်းဆန်ဆန် လုပ်တာတော့ မဟုတ်ပါဘူး။

သံမှူးကြီး (ဖြေ) ။ ပုံသေရုံးလုပ်ငန်းဆန်ဆန် လုပ်တာတော့ မဟုတ်ပါဘူး။ တခါတရံ အလှူငွေလက်ခံသူတ တယေက်ထဲကိုကူညီတာမျိုးရှိပါတယ်။ ဒီလိုဟာမျိုးကျတော့ အတူတူထိုင်ပြောကြတာသဘာဝပါဘဲ။ မဟာ ဗျူဟာတွေ သတင်းတွေ စတာတွေမှာ တိုင်ပင်ညှိနှိုင်းတာကတော့ အလွတ်သဘောဘဲလုပ်ကြတာပါ။

မေး။ နောက်ကိစ္စတခုက ပဋိပက္ခမှာပါဝင်နေတဲ့အမျိုးသမီးတွေကိစ္စပါ။ ခင်ဗျားကအမျိုးသမီးများပါဝင် ဆောင်ရွက်ခွင့်ကိုပြောခဲ့တယ်။ အစိုးရနဲ့ဒါမှမဟုတ်အခြားကာယကံရှင်တွေနဲ့ပြောတဲ့အခါ ဒီကိစ္စကို ဘယ်လို အကြံပေးဆောင်ရွက်သွားပါမလဲ။

ဖြေ။ ပဋိပက္ခမှာ အမျိုးသမီးနဲ့ ကလေးတွေဟာ အန္တရာယ်အများဆုံးနဲ့ ဒုက္ခအရောက်ဆုံး သူတွေဖြစ်တယ်လို့ ကျမထင်ပါတယ်။ အမျိုးသမီးတွေဟာ ပဋိပက္ခရဲ့ သားကောင်တွေလို့ ပြောရုံနဲ့မပြီးဘူး သူတို့ဟာ ဒီပဋိပက္ခ ဖြေရှင်းရေးမှာ အသုံးမပြုရသေးတဲ့ အရင်းအမြစ်တွေလဲဖြစ်တယ် ဆိုတာပြောဘို့အရေးကြီးတယ်လို့ထင်ပါ တယ်။ ဥပမာပြရရင် အခုရခိုင်ပြည်နယ်မှာ အမျိုးသမီး ခေါင်းဆောင်တေ၊ွ အရင်ကတဖွဲ့နဲ့တဖွဲ့ရန်စောင် နေကြတဲ့တိုင်းရင်းသားအုပ်စုအသီးသီးက တက်ကြွတဲ့ အမျိုးသမီးတွေ အတူတကွထိုင်ပြီးဆွေးနွေးအဖြေရှာ ကြတာ အတော် အောင်မြင်နေပြီလို့သိရပါတယ်။ သူတို့ကိုမိနစ်အနည်းငယ်လောက် ဒါမှမဟုတ် နာရီဝက် လောက်အတူထားလိုက်ရင် သူတို့ဒီလိုပြောလာကြလိမ့်မယ်။ ဟေ့ တို့တွေအတူတွေ့နိုင်ပြီး ပဋိပက္ခတွေမရှိ တော့ဘူးဆိုရင် ဒို့ဒါမျိုးလုပ်နိုင်တယ်ဆိုရင် နောက်ကိုပဋိပက္ခတွေ ရှိမှာမဟုတ်တော့ဘူး။ အမျိုးသားတွေကျ တော့သိပ်ခက်တယ်။ ဒီတော့ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ငြိမ်းချမ်းရေးတည်ဆောက်သူများအဖြစ်အမျိုးသမီးတွေ ရဲ့စွမ်းဆောင်နိုင်မှုဟာသိပ်ကြီးမားတယ်။

မေး။ ဒီအစိုးရဟာ ပထမဆုံး အရပ်သားအစိုးရဖြစ်ပြီးတော့ တိုင်းပြည်တွင်းမှာလဲ သူတို့အပေါ်ေ မျှာ်လင့်ချက် တွေကသိပ်များတယ်။ ပြင်ပနိုင်ငံတကာ အသိုင်းအဝိုင်းက မျှော်လင့်ချက်ကလဲ သိပ်များတယ်။ ဒီလိုမျှော် လင့်ချက်တွေကို ခင်ဗျားတို့ဘယ်လိုဖြေရှင်းကြမလဲ။

ဖြေ။ ရှင်ပြောတာမှန်ပါတယ်။ မျှော်လင့်ချက်က သိပ်များတယ်။ နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့လဲ ငြိမ်း ချမ်းရေးဖြစ်စဉ်ဆိုတာ အချိန်ယူရတယ်ဆိုတာကိုနားလည်ဘို့လိုမယ်လို့ထင်ပါတယ်။ အရင်အစိုးရထက်စာ ရင်အားလုံးပါဝင်နိုင်ရေးတံခါးဖွင့်ပေးဘို့က အစိုးရသစ်မှာ အလွန်အရေးပါတဲ့ အခွင့်အလမ်းရှိပါတယ်။ နိုင်ငံ ရေးအကျဉ်းသားတွေလွှတ်ပေးလိုက်တာလို အပြုသဘောဆောင်တဲ့ ဖြစ်ထွန်းတိုးတက်မှုတွေကိုလဲ တွေ့ခဲ့ ရပါပြီ။ ဒါပေမဲ့လုပ်စရာအလုပ်တွေက အများကြီးဘဲကျန်ပါသေးတယ်။ ကျမတို့နိုင်ငံတကာအသိုင်းအဝိုင်း အနေနဲ့လဲ မိတ်ဆွေဖြစ်ချင်တယ် လက်တွဲ ဆောင်ရွက်ဖော် မိတ်ဖက်နိုင်ငံတွေဖြစ်ချင်တယ်ဆိုတာ ပြဘို့ လိုပါတယ်။ ပြဿနာတွေအပေါ်မှာသာအာရုံစိုက်မနေဘဲ ဒီပြဿနာတွေကိုကျော်လွှားနိုင်ဘို့ကိုလဲလုပ် ဆောင်သင့်တယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly