သမ္မတဦးထင်ကျော် လာအိုသို့ သွားမည်

သမ္မတဦးထင်ကျော် လာအိုသို့ သွားမည်
ဓာတ်ပုံ-မင်းမင်း

ဧပြီ ၁ ရက်ကစတင်ကာ အစိုးရတာဝန်ယူပြီးနောက်ပိုင်း သမ္မတဦးထင်ကျော်၏ ပထမဆုံးနိုင်ငံခြား ခရီးစဉ်အဖြစ် လာအိုနိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ်ကို လာမည့် မေ ၆ ရက်တွင် သွားရောက်မည်ဖြစ်သည်။

၂၀၁၃ ခုနှစ် ဒီဇင်ဘာအတွင်းက နိုင်ငံတော်ခရီးစဉ်အနေဖြင့် ယခင် လာအိုသမ္မတ Choummaly Sayasone မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီး နှစ်နှစ်ကျော်အကြာ လက်ရှိ လာအိုသမ္မတ Bounnhang Vorachit ၏ ဖိတ်ကြားချက်အရ သမ္မတဦးထင်ကျော်က သွားရောက်ခြင်းဖြစ်သည်။

မြန်မာ-လာအို ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများသည် ပြီးခဲ့သည့်နှစ် မေလအတွင်းက မဲခေါင်မြစ် ဖြတ်ကျော် ချစ်ကြည်ရေးတံတား ပထမဆုံးဖွင့်လှစ်ခြင်းနဲ့အတူ ထင်သာမြင်သာ ရှိလာခဲ့သည်။

မြန်မာနိုင်ငံ ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်နှင့် လာအိုနိုင်ငံ လုအန်နမ်သာပြည်နယ်တို့ကို ဆက်သွယ်ထားသည့် အဆိုပါတံတားသည် နှစ်နိုင်ငံစလုံး၏ ယခင်သမ္မတများ ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required