အိမ်ခြံမြေဆိုင်ရာ အရောင်းပြပွဲကျင်းပ

အိမ်ခြံမြေဆိုင်ရာ အရောင်းပြပွဲကျင်းပ
ဓာတ်ပုံ -ခေါင်နော

ရန်ကုန်၊ မေ ၅ ။               ။ House.com.mm မှစီစဉ်ကျင်းပသည့် အိမ်ခြံမြေဆိုင်ရာအရောင်းပြပွဲကို မေလ ၅ မှ ၈ ရက်နေ့ထိ ရန်ကုန်မြို့ တပ်မတော်ခန်းမ တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါကုန်စည်ပြပွဲတွင် အိမ်ရာဝယ်ယူသူ၊ ငှားရမ်းလိုသူ နှင့် ရင်းနှီးမြုပ်နှံသူ များအတွက် လက်ရှိပြည်တွင်းပြည်ပ ဆောက်လုပ်ရေးလုပ်ငန်းကြီးများ၏ ကောင်းမွန်သော တန်ဖိုးနည်း၊ တန်ဖိုးမြင့် အိမ်ရာ၊ အဆောက်ဦးများကို ရွေးချယ်စုစည်းပြီး ပြသထားခြင်းဖြစ်ကြောင်း၊ မြန်မာကျပ်ငွေ သိန်း ၂၀၀မှ စတင်၍ တန်းဖိုးမြင့် အိမ်ရာများအထိ ဝယ်ယူနိုင် ကြောင်းသိရသည်။

ယင်းအပြင် ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ တာဝန်ယူရောင်းချသည့် တန်ဖိုးနည်အိမ်ရာတိုက်ခန်းများ ဆောက်လုပ်ရေးလုပ်ငန်းရှင်တချို့၏ ၁၀နှစ် တာငွေပေးချေမှုဖြင့် ရောင်းချသော တန်ဖိုးနည်းတိုက်ခန်းများနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်မှ အိမ်ရာငွေချေးငွေဆိုင်ရာများနှင့် စပ်လျဉ်းသော သတင်းအချက်အလက်များကို ရှင်းလင်းပြောကြားသွားမည်ဖြစ်ကြောင်း သိရသည်။

House.com.mm သည် ဂျာမဏီနိုင်ငံတွင် ထိပ်ဆုံး အပြည်ပြည်ဆိုင်ရာ အိမ်ခြံမြေကွန်ယက်ဖြစ်သည့်(Lamudi) ရဲ့ လက်ခွဲကုမ္ပဏီ တစ်ခုဖြစ်ပြီး လက်ရှိမြန်မာ့အိမ်ခြံမြေ လောကတွင် လည်းထိပ်ဆုံးဦးဆောင်လျက်ရှိသော online website ဖြစ်သည်။

တပ်မတော်ခန်းမတွင် မေ ၅ရက်နေ့ကကျင်းပပြုလုပ်သည့် အိမ်ခြံမြေဆိုင်ရာအရာင်းပြပွဲကို ရန်ကုန်တိုင်းဒေသကြီး ဦးဖြိုးမင်းသိန်းက ဖွင့်လှစ်ပေးနေသည်ကိုတွေ့ရစဉ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required