အိန္ဒိယတွင် ဇာတ်နိမ့်ဥပဒေကျောင်းသူတစ်ဦး ရက်ရက်စက်စက် အသတ်ခံရခြင်းအပေါ် စိတ်ဆိုးဒေါသထွက်ကာ ဆန္ဒပြ

အိန္ဒိယတွင် ဇာတ်နိမ့်ဥပဒေကျောင်းသူတစ်ဦး ရက်ရက်စက်စက် အသတ်ခံရခြင်းအပေါ် စိတ်ဆိုးဒေါသထွက်ကာ ဆန္ဒပြ

နယူးဒေလီ၊ မေ ၅ ။              ။ အိန္ဒိယတောင်ပိုင်းပြည်နယ် ကာရာလာတွင် ဇာတ်နိမ်အသိုင်းအဝန်းမှဖြစ်သော ကျောင်းသူတစ်ဦး နေအိမ်တွင် ရက်ရက်စက်စက် သတ်ဖြတ်ရခြင်းအပေါ် စိတ်ဆိုးဒေါသထွက်၍ ဆန္ဒပြသည့် လူအုပ်အား ရဲက ရော်ဘာတုတ်များ သုံးကာ လူစုခွဲခဲ့ရသည်။

အာ့ရ်နာကူလမ်ခရိုင်အတွင်း ပြီးခဲ့သည့်သီတင်းပတ်က ဖြစ်ပွားသည့် ယင်းလူသတ်မှုနှင့် ပတ်သက်ပြီး မေးမြန်းစစ်ဆေးရန် လူငါးဦးကိုလည်း ခေါ်ယူထိန်းသိမ်းထားသည်။

အလောင်းအား ရင်ခွဲစစ်ဆေးနေပြီး သားမယားပြုကျင့် ခံရခြင်း ရှိမရှိ စစ်ဆေးမည်ဖြစ်ကြောင်း ရဲက ပြောသည်။

ပြီးခဲ့သည့် ဧပြီ ၂၈ ရက်က ကာရုပမ်ပါဒီကျေးရွာတွင် ကျပန်းလုပ်ကိုင်သူ မိခင်ဖြစ်သူနှင့် အတူနေထိုင်သည့် အသက် ၃၀ အရွယ် ဥပဒေကျောင်းသူ မိခင် အပြင်သွားခိုက် နေအိမ်တွင် တစ်ဦးတည်ရှိစဉ် အသတ်ခံရခြင်းဖြစ်သည်။

အလောင်းတွင် ထိုးသွင်းဒဏ်ရာများစွာ ရှိနေပြီး အူများလည်း အပြင်သို့ ထွက်ကျနေကြောင်း သတင်းများတွင် ဖော်ပြသည်။

ထိုအမျိုးသမီး၏ အိမ်အတွင်းမှ ထွက်ခွာသွားသူကို မြင်လိုက်ရသူများ ရှိပြီး ရဲက ၎င်း၏ ပုံကြမ်းကို ထုတ်ပြန်ထားသည်။

ပြည်သူများ စိတ်ဆိုးဒေါသထွက်သည်ကို နားလည်နိုင်ကြောင်း၊ သို့သော် တရားခံကို ဖမ်းဆီးနိုင်ရေးတွင် မိမိတို့၌ သက်သေခံဖြစ်စဉ်က အနည်းအကျဉ်းသာရှိနေကြောင်း၊ တတ်နိုင်သမျှ အကောင်းဆုံး လုပ်ဆောင်နေကြောင်း ရဲဌာန တာဝန်ရှိသူတစ်ဦးက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly