အမေရိကန်နှင့် ရုရှ၏ ဖိအားကြောင့် ဆီးရီးယားရှိ ထရီပိုလီမြို့တွင် နှစ်ရက်ကြာ အပစ်ရပ်

အမေရိကန်နှင့် ရုရှ၏ ဖိအားကြောင့် ဆီးရီးယားရှိ ထရီပိုလီမြို့တွင် နှစ်ရက်ကြာ အပစ်ရပ်

ထရီပိုလီ၊ မေ ၅ ။             ။ ရုရှနှင့် အမေရိကန်တို့ ဖိအားပေးခြင်းကြောင့် ဆီးရီးယားနိုင်ငံရှိ စစ်ဒဏ်ခံ ထရီပိုလီမြို့တွင် နှစ်ရက်ကြာ အပစ်ရပ်ရန် ဆီးရီးယားစစ်တပ်ဖက်က သဘောတူခဲ့သည်။

မခိုင်မမာဖြစ်နေသည့် အပစ်ရပ်ရေး ရရှိနိုင်ရန် စစ်ဖြစ်နေကြသည့် အဖွဲ့များကို ဖိအားပေးသွားမည်ဟု ရုရှနှင့် အမေရိကန်ကြား သဘောတူညီမှုရရှိကြောင်း အမေရိကန်ဖက်က ကြေညာလိုက်ပြီးနောက် ဆီးရီးယားစစ်တပ်က ယခုကဲ့သို့ လိုက်နာလာခြင်းဖြစ်သည်။

“ထရီပိုလီမြို့မှာ ယာယီစစ်ပြေငြိမ်းရေး မေ ၅ ရက် နံနက် ၁ နာရီကစပြီး ၄၈ နာရီကြာ လိုက်နာသွားမှာဖြစ်ပါတယ်။”ဟု ဆီးရီးယားစစ်တပ်မှ တပ်မှူးက ပြောကြောင်း နိုင်ငံပိုင်သတင်းတွင် ဖော်ပြသည်။

မေ ၆ ရက် ညသန်းခေါင်ယံအထိ လိုက်နာရမည့် ယင်းယာယီအပစ်ရပ်ဆဲခြင်းကို အမေရိကန်အဆင့်တူအဖွဲ့နှင့်အတူ ရုရှအပစ်ရပ်စောင့်ကြည့်ရေးအဖွဲ့အနေဖြင့် စောင့်ကြည့်သွားမည်ဖြစ်ကြောင်း ရုရှကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

သို့သော် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက ထရီပိုလီမြို့တွင် အပစ်ရပ်မှုက ဂရင်းနစ်စံတော်ချိန် ၂၁၀၁ နာရီတွင် စတင်ပြီး ဆူပူအကြမ်းဖက်မှုများလည်း ကျဆင်းကြောင်း ပြောသည်။

လက်တွေ့မြေပြင်တွင်မူ ထရီပိုလီမြို့နှင့် ဒမတ်စကပ်မြို့နှစ်မြို့စလုံးတွင် ပြင်းထန်သည့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ကြောင်း အေအက်ဖ်ပီသတင်းထောက်များက သတင်းပေးပို့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required