နိုင်ငံရေးခိုလှုံခွင့်တောင်းခံသူများကို မျှဝေခေါ်ဆောင်ခြင်း မရှိသည့် နိုင်ငံများအား အီးယူက ဒဏ်ရိုက်မည်

နိုင်ငံရေးခိုလှုံခွင့်တောင်းခံသူများကို မျှဝေခေါ်ဆောင်ခြင်း မရှိသည့် နိုင်ငံများအား အီးယူက ဒဏ်ရိုက်မည်

အီးယူ၊ မေ ၅ ။            ။ နိုင်ငံရေးခိုလှုံခွင့်တောင်းခံသူများအား မျှဝေခေါ်ယူခြင်း မရှိသည့် နိုင်ငံများအပေါ် ပြင်းထန်သည့် ဘဏ္ဍာရေးအပြစ်ဒဏ် ပေးနိုင်ရန်အတွက် အီးယူနိုင်ငံရေးခိုလှုံခွင့် စည်းမျဉ်းများကို ပြုပြင်ပြောင်းလဲရန် ဥရောပကော်မရှင်က အဆိုပြုထားပြီဖြစ်သည်။

အီးယူ၏ အထူးအမှုဆောင်အဖွဲ့ဖြစ်သော ဥရောပကော်မရှင်က နိုင်ငံရေးခိုလှုံခွင့် ကြိုးစားသူတစ်ဦးကို ငြင်းဆန်လျှင် ပေါင် ၂၅၀၀၀၀ နှုန်း ဒဏ်ခတ်သွားရန် စီစဉ်လျက်ရှိခြင်းဖြစ်သည်။

ရွှေ့ပြောင်းဝင်ရောက်သူများ အလုံးအရင်းလိုက် စီးဝင်နေခြင်းကြောင့် ယင်းကဲ့သို့ နိုင်ငံရေးခိုလှုံခွင့်စနစ်ကို ပြောင်းလဲပစ်ရန် ကော်မရှင်အနေဖြင့် လိုလားလျက်ရှိသည်။

ယခုစီမံကိန်းကို အဖွဲ့ဝင်နိုင်ငံအများစု၏ ထောက်ခံပေးမှု လိုအပ်ဦးမည်ဖြစ်သည်။

ရွှေ့ပြောင်းဝင်ရောက်သူ အရေအတွက် လျော့ပါးစေနိုင်ခဲ့သည့် တူရကီနှင့် သဘောတူညီမှုတစ်ရပ်နှင့်အတူ အီးယူတာဝန်ရှိသူများအနေဖြင့် ရွှေ့ပြောင်းသူများနှင့် ပတ်သက်ပြီး အဖွဲ့ကြီးအတွင်း တင်းမာမှုများ ရှိနေသည်ကို လျှော့ချနိုင်လိမ့်မည်ဟုလည်း မျှော်လင့်ထားသည်။

ယခုဒဏ်ရိုက်မည့်စီမံချက်အတွက် ဒုက္ခသည်များအနေဖြင့် ၎င်းတို့ရောက်ရှိရာ အီးယူအဖွဲ့ဝင်နိုင်ငံတွင် နိုင်ငံရေးခိုလှုံခွင့် အတည်ပြုချက် ရရှိရန် လိုအပ်သည်။

သို့သော် နိုင်ငံရေးခိုလှုံခွင့်တောင်းခံကြရာတွင် အချိုးအစားမျှတမှု မရှိ တောင်းခံခံရသည့် နိုင်ငံများကို ကူညီမှုများ ဆောင်ရွက်ပေးရန်မည့် အစီအစဉ်များအပါအဝင် အပြောင်းအလဲများ လုပ်ဆောင်ရန် လိုအပ်ဦးမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required