နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး ဝန်ကြီးဌာန ထပ်မံဖွဲ့စည်းမည်

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး ဝန်ကြီးဌာန ထပ်မံဖွဲ့စည်းမည်
(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

နေပြည်တော်(မေ ၄ရက်၊ ၂၀၁၆ခုနှစ်)။ ။ အရပ်သားအစိုးရလက်ထက်တွင် ဝန်ကြီးဌာန ၂၁ခုကို ဖွဲ့စည်းထားရှိရာမှ "နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး ဝန်ကြီးဌာန" အမည်ဖြင့် ဝန်ကြီးဌာနအသစ်တစ်ခုကို ထပ်မံဖွဲ့စည်းသွားမည်ဟု ပြည်ထောင်စုအစိုးရနှင့် နီးစပ်သူများထံမှ စုံစမ်းသိရှိရသည်။

အဆိုပါ ဝန်ကြီးဌာနတစ်ခု ထပ်မံဖွဲ့စည်းရန် မေလ ၅ရက်တွင် ကျင်းပမည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် လွှတ်တော်နာယက က လွှတ်တော်အမတ်များထံ တင်ပြမည်ဖြစ်သည်ဟု လွှတ်တော်အစည်းအဝေးအစီအစဉ် လျာထားချက်တွင် ပါရှိသည်။

မေလ ၅ရက်၊ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးအစီအစဉ် ၁၃တွင် "နိုင်ငံတော်သမ္မတထံမှ ပေးပို့သော ဝန်ကြီးဌာနတစ်ခု ထပ်မံဖွဲ့စည်းရန်ကိစ္စနှင့် စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော်နယက က လွှတ်တော်သို့ တင်ပြခြင်း" ဟူ၍ ပါရှိသည်။

လက်ရှိတွင် "နိုင်ငံတော်၏ အတိုင်ပင်ခံဆိုင်ရာပုဂ္ဂိုလ်" အဖြစ် ဒေါ်အောင်ဆန်းစုကြည်က တာဝန်ယူထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required