တရုတ် မက်ဆေ့ချ် အက်ပလီကေးရှင်းတွင် စိတ်ခံစားချက်ပုံများကို အသုံးပြုခွင့်ရသည့် ပထမဆုံး ကိုရီးယားမင်းသား ဖြစ်လာတဲ့ လီကွမ်ဆို

တရုတ် မက်ဆေ့ချ် အက်ပလီကေးရှင်းတွင် စိတ်ခံစားချက်ပုံများကို အသုံးပြုခွင့်ရသည့် ပထမဆုံး ကိုရီးယားမင်းသား ဖြစ်လာတဲ့ လီကွမ်ဆို

တောင်ကိုရီးယားမင်းသား လီကွမ်ဆိုသည် တရုတ်မိုးဘိုင်းလ် မက်ဆေ့ချ် အက်ပလီကေးရှင်း  WeChat တွင် ၎င်း၏ ရုပ်ပုံများကို အသုံးပြုထားသည့် စိတ်ခံစားချက်ပုံများကို အသုံးပြုခွင့်ရသည့် ပထမဆုံး ကိုရီးယားမင်းသားဖြစ်ကြောင်း ၎င်း၏ အေဂျင်စီ King Kong Entertainment က မေ ၃ ရက်တွင် ထုတ်ပြန်ကြေညာသည်။

ယင်းအက်ပလီကေးရှင်းသည် တရုတ်နိုင်ငံတွင် အကြီးဆုံး မိုဘိုင်းလ်မက်ဆေ့ချ် ဝန်ဆောင်မှု တစ်ခုဖြစ်ပြီး အသုံးပြုသူ သန်း ၇၀၀ ကျော်ရှိကြောင်းနှင့် မေ ၃ ရက်နေ့တွင် လီကွမ်ဆို၏ စိတ်ခံစား ချက်ပုံ ၂၄ ပုံကို ထုတ်လွှင့်ခဲ့သည်။

“လီကွမ်ဆိုဟာ တရုတ်၊ ထိုင်းနဲ့ ဗီယက်နမ်အပါအဝင် အာရှတစ်ဝန်းရှိ ပရိတ်သတ်တွေရဲ့ အားပေးမှုကို ရရှိထားတဲ့ မင်းသားတစ်ယောက် ဖြစ်ပါတယ်” Danal Entertainment အမှုဆောင်  Park Kyu Yeon က ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required