ဆန္ဒဖော်ထုတ်ရန် ခွင့်ပြုမိန် ့တောင်းခံဖို ့ မလိုရန် ငြိမ်းစုစီဥပဒေကို ပြင်ဆင်မည်

ဆန္ဒဖော်ထုတ်ရန် ခွင့်ပြုမိန် ့တောင်းခံဖို ့ မလိုရန် ငြိမ်းစုစီဥပဒေကို ပြင်ဆင်မည်
ဓာတ်ပုံ-နေသာ

ဆန္ဒဖော်ထုတ်မည့်သူများအနေဖြင့် သက်ဆိုင်ရာ အာဏာပိုင်များထံသို့ခွင့်ပြုမိန့်တောင်းခံရန် မလိုရန် ငြိမ်းစုစီဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို လာမည့်ရက်ပိုင်းအတွင်း အမျိုးသားလွှတ်တော်တွင် တင်သွင်းရန်ရှိကြောင်း အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီ ဥက္ကဌ ဦးဇော်မင်းကပြောသည်။

“ အတိုဆုံးပြောရရင်ခွင့်ပြုမိန့်တောင်းခံစရာမလိုတော့ဘူး သို့သော် မျှမျှတတဖြစ်အောင် ဥပဒေနဲ့တူအောင်ဆွဲထားတယ် ” ဟု အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီ ဥက္ကဌ ဦးဇော်မင်းကပြောသည်။

ငြိမ်းစုစီဥပဒေ အခန်း (၃) တွင် မိမိသဘောထားဆန္ဒကို ဖော်ပြရန် ငြိမ်းချမ်းစွာစုဝေးခြင်း နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းအတွက် ခွင့်ပြုမိန့်ရရှိရန် သက်ဆိုင်ရာမြို့နယ်မှူးများထံ ငါးရက်ကြိုတင်၍ တင်ပြရမည်ဟု ပြဌာန်းပါရှိသည်။

ငြိမ်းချမ်းစွာစုဝေးခွင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပါ ပြဌာန်းချက်များ အနက် နိုင်ငံသားအခွင့်အရေးများ နှင့် ကိုက်ညီမှုမရှိသော ပုဒ်မများကို အဓိကထားပြင်ဆင်သွာမည်ဖြစ်ကြောင်း ဦးဇော်မင်းကပြောသည်။

“နိုင်ငံသားအခွင့်အရေးတွေနဲ့ဆန့်ကျင်နေတာပေါ့ အဲ့ဒီအချက်တွေကို အဓိကထားပြင်တာ ဥပဒေတစ်ခုက လိုက်နာရမယ် မလိုက်နာရင် ပြစ်ဒဏ်ပိုင်းပါတယ် ပြစ်ဒဏ်ပိုင်းက မျှမျှတတ ဖြစ်ဖို့လိုတယ် ” ဟု ဦးဇော်မင်းကပြောသည် ။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအခန်း(၈) နိုင်ငံသားများ၏ မူလအခွင့်အရေး နှင့်တာဝန်များ ဆိုရာတွင် နိုင်ငံသားတိုင်းသည် နိုင်ငံတော်လုံခြုံရေးတရားဥပဒေစိုးမိုးရေး ရပ်ရွာအေးချမ်းသာယာရေး နှင့် ဥပဒေများကို မဆန့်ကျင်လျှင် မိမိ၏ ယုံကြည်ချက် ၊ ထင်မြင်ယူဆချက်များကို ထုတ်ဖော်ပြောဆိုရေးသား ဖြန့်ဝေခြင်း ၊ လက်နက်မပါဘဲ ငြိမ်းချမ်းစွာစုဝေးခွင့်ရှိသည် ဟု ပြဌာန်းထားသည်။

“ဘာကြောင့်လဲဆိုရင် ဥပဒေတို့မည်သည် မျှမျှတတ ရေးဆွဲရတာကို အုပ်ချုပ်သူလူတန်းစားက အကာအကွယ်ယူပြီးဆွဲထားတာမျိုး တစ်ဖက်သားအပေါ်စီးကဆွဲထားတာမျိုး ဒါမျိုးမဖြစ်ပဲနဲ့မျှမျှတတ ဖြစ်ဖို့ရည်ရွယ်တာပဲ အဲ့ဒီတော့ဖြေလျော့မှုတွေအများကြီးရှိသလို တိတိကျကျထိန်းချုပ်ထားတာတွေလဲရှိပါတယ် အသေးစိတ်တော့ပြောလို့မရသေးဘူး ” ဟု ဦးဇော်မင်းက ပြောသည်။

နိုဝင်ဘာ ၈ ရက်ရွေးကောက်ပွဲမှ ပေါ်ထွက်လာသည့် NLD အစိုးရ နှင့် လွှတ်တော် သက်တမ်း ၁ လအကြာတွင် သမ္မတ ဦးသိန်းစိန်အစိုးရလက်ထက်တွင် အစိုးရ၏ ဆောင်ရွက်ချက်များနှင့် ပက်သက်၍ ကန့်ကွက်ကာ ဆန္ဒဖော်ထုတ်သူများကို ငြိမ်းစုစီဥပဒေပါ ပုဒ်မ (၁၈) (၁၉) တို့ကို ပြင်ဆင်ရန်ဆောင်ရွက်နေခြင်းဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required