ကင်ညာတွင် ပြိုကျသည့် ခြောက်ထပ်တိုက်အတွင်း ငါးရက်ကြာပိတ်မိနေသည့် တစ်နှစ်ခွဲအရွယ် ကလေးငယ်အား အသက်ရှင်လျက် ကယ်ထုတ်

ကင်ညာတွင် ပြိုကျသည့် ခြောက်ထပ်တိုက်အတွင်း ငါးရက်ကြာပိတ်မိနေသည့် တစ်နှစ်ခွဲအရွယ် ကလေးငယ်အား အသက်ရှင်လျက် ကယ်ထုတ်

နိုင်ရိုဘီ၊ မေ ၃ ။             ။ ကင်ညာနိုင်ငံ နိုင်ရိုဘီမြို့တော်တွင် ပြီးခဲ့သည့် ဧပြီ ၂၉ ရက်က ပြိုကျခဲ့သည့် အဆောက်အအုံအတွင်းမှ တစ်နှစ်ခွဲအရွယ် ကလေးငယ်တစ်ဦးအား ငါးရက်အကြာတွင် အပြိုအပျက်များအောက်မှ အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့သည်။

မိုးသည်းထန်စွာရွာသွန်း၍ ခြောက်ထပ်တိုက်တစ်လုံး ပြိုကျခဲ့ခြင်းဖြစ်ပြီး သေဆုံးသူပေါင်း ၂၂ ဦးရှိခဲ့သည်။

တိုက်အပြိုအပျက်များအောက်တွင် ပိတ်မိနေသူ ဒါဇင်များစွာရှိနေနိုင်ပြီး အသက်ရှင်လျက် ရှိနေနိုင်သူများကို ကယ်ထုတ်နိုင်မည်ဟု မျှော်လင့်ချက်က တစ်ဖြည်းဖြည်း ပျောက်ကွယ်လုဖြစ်လာခဲ့သည်။

အဆိုပါ ခြောက်ထပ်တိုက်ပိုင်ရှင်ဖြစ်သူအား တိုက်ပြိုကျခြင်းကြောင့် လူအများအပြားသေဆုံးခြင်းအတွက် တရားစွဲဆိုခံရဖွယ်လည်းရှိသည်။

တိုက်ပိုင်ရှင် ကာမာအူအား မေ ၂ ရက်နေ့က ယင်းအဆောက်အအုံတွင် ခွင့်ပြုချက်မရှိဘဲ အခန်းပေါင်း ၁၁၉ ခန်းကို အငှားချထားခြင်းကြောင့် ဖမ်းဆီးထားပြီးဖြစ်ကြောင်း တာဝန်ရှိသူများက ပြောသည်။

အဆောက်အအုံ ပြိုကျမှုမှ လွတ်မြောက်ခဲ့သူပေါင်း ၁၃၅ ဦးခန့်ရှိကြောင်း ဌာနေသတင်းများတွင် ဖော်ပြသည်။

ဒေသစံတော်ချိန် နံနက် လေးနာရီခန့်တွင် တိုက်အပြိုအပျက်များကြားမှ တစ်နှစ်ခွဲအရွယ် မိန်းကလေးဖြစ်သူကို ကယ်ဆယ်လိုက်နိုင်ပြီး ဆေးရုံသို့ အမြန်တင်ပို့ခဲ့ကြောင်း ကင်ညာကြက်ခြေနီအသင်းက   ပြောသည်။)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly