ဘန်တာနာနေရာအစားထိုးရန် အာဆင်နယ်တိုက်စစ်မှူးဂျရူးဒ်ကို ဝုဖ်ဘတ်စိတ်ဝင်စားနေ

ဘန်တာနာနေရာအစားထိုးရန် အာဆင်နယ်တိုက်စစ်မှူးဂျရူးဒ်ကို ဝုဖ်ဘတ်စိတ်ဝင်စားနေ

မေ ၃၊ လန်ဒန် ။           ။ ဝုဖ်ဘတ်အသင်းသည် ဘန်တနာနေရာတွင် အစားထိုးရန်အတွက် အာဆင်နယ်တိုက်စစ်မှူး ဂျရူးဒ်ကို စိတ်ဝင်စားနေသည်။

အသက် ၂၉ နှစ်ရှိ ပြင်သစ်တိုက်စစ်မှူးသည် ဇန်နဝါရီနောက်ပိုင်းကတည်းက ပရီးမီးယားလိဂ်တွင်ဂိုးပေါက်ပျောက်နေခဲ့သည်။ ၎င်း၏နေရာကို အာဆင်နယ်ပရိသတ်များက ကမ္ဘာ့အဆင့်တိုက်စစ်မှူးတစ်ဦးနှင့် အစားထိုးစေချင်နေကြသည်။

ဝုဖ်ဘတ်အသင်းသည် ပြီးခဲ့သည့်လက စာချုပ်ဖျက်လိုက်သည့် အာဆင်နယ်တိုက်စစ်မှူးဟောင်းဘန်တနာ၏နေရာတွင်အစားထိုးရန် ဂျရူးဒ်ကို တစ်နှစ်ပေါင်း ၅ သန်းခန့်တန်းကြေးရှိမည့် စာချုပ်ဖြင့် ကမ်းလှမ်းလိုနေခြင်းဖြစ်သည်။

ဂျရူးဒ်သည့် ကစားသမားဘဝတစ်လျှောက်အဆိုးဆုံး ဂိုးပေါက်ပျောက်မှုနှင့်ရင်ဆိုင်နေရသည့်အပြင် အာဆင်နယ်အသင်းဖလားလက်မဲ့ဖြစ်ရာ တွင်လည်း လွှဲချပြစ်တင်စရာ ကစားသမားတစ်ဦးသဖွယ်ဖြစ်နေရသည်။

စိတ်ပျက်ဖွယ်ရာသီကိုဖြတ်သန်းခဲ့ရပြီး ဘွန်ဒက်စ်လီဂါအဆင့် ၁၀ နေရာတွင်ရပ်တည်နေသည့် ဝုဖ်ဘတ်အသင်းသည် ပိုမိုအင်အားတောင့်လာ စေရန်အတွက် လာမည့်နွေတွင် ပြင်ဆင်မှုများပြုလုပ် သွားမည်ဖြစ်ပြီး ဗီလာရီးယဲလ်တိုက်စစ်မှူး စီဒရစ်ကိုလည်း စိတ်ဝင်စားနေသည်။

Ref; Mirror

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly