ယူနိုက်တက်တစ်နှစ်တာ အကောင်းဆုံးကစားသမားဆုကို ဒီဂီယာသုံးနှစ်ဆက်ရရှိ

ယူနိုက်တက်တစ်နှစ်တာ အကောင်းဆုံးကစားသမားဆုကို ဒီဂီယာသုံးနှစ်ဆက်ရရှိ

မေ ၃၊ မန်ချက်စတာ ။           ။ မန်ချက်စတာယူနိုက်တက်အသင်း၏ တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုကို ဂိုးသမားဒီဂီယာက သုံးနှစ်ဆက်အဖြစ်ရရှိသွားသည်။

ပြီးခဲ့သည့်နွေရာသီက ရီးယဲလ်မက်ဒရစ်အသင်းသို့ပြောင်းရွှေ့လုနီးပါးဖြစ်ခဲ့သည့် ဂိုးသမားသည် တနင်္လာနေ့က အိုးထရက်ဖို့ဒ်တွင် ပြုလုပ် သောတစ်နှစ်တာအကောင်းဆုံးဆုပေးပွဲတွင် ယင်းဆုကိုရရှိခဲ့ခြင်းဖြစ်သည်။

"ဘာပြောရမှန်းတောင် မသိတော့ပါဘူး။ သုံးနှစ်ဆက်ရဖို့ဆိုတာ မယုံနိုင်စရာပါ။ သိပ်ပျော်ပါတယ်။ ဂုဏ်ယူစရာကောင်းပြီး အရာတိုင်းကို ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့အကောင်းဆုံး ပရိသတ်တွေကိုပိုင်ဆိုင်ထားပြီး တစ်ယောက်ချင်းစီကို ကျေးဇူးတင်ပါတယ်"ဟု ဒီဂီယာက ပြောသည်။

စပိန်လက်ရွေးစင်ဂိုးသမားကို နည်းပြဗန်ဟားလ်ကလည်း ဂုဏ်ပြုခဲ့ပြီး အိုးထရက်ဖို့ဒ်နံပါတ်တစ်အနေဖြင့် အမြင့်ဆုံးဂုဏ်ပြုမှုနှင့်ထိုက်တန် သည်ဟု ဆိုသည်။

"သူ့ကို မက်ဒရစ်မြို့စီဖိတ်ခေါ်ခံခဲ့ရတယ်ဆိုတာ လူတိုင်းသိကြပါတယ်။ သူ့ချစ်သူ၊ သူ့မိဘတွေက မက်ဒရစ်မှာနေကြတယ်။ ရီးယဲလ်မက်ဒရစ် ကလည်း ထိပ်သီးအသင်းကြီး။ ဒါပေမဲ့သူဒီမှာပဲ ဆက်ရှိနေတုန်းပဲ။ သူဒီမှာဆက်ရှိနေတာကို နည်းပြတစ်ယောက်အနေနဲ့ပျော်ရွှင်မိသလို အကောင်းဆုံးဆုနဲ့လည်းထိုက်တန်သူပါ"ဟု ဗန်ဟားလ်က ဆိုသည်။

နောက်ခံလူ စမောလင်းမှာမူ မန်ယူအသင်းဖော်များက ရွေးချယ်သည့် ကစားသမားဆုကိုရရှိခဲ့သည်။ ယူ-၁၈ ကစားသမားဆုကို ရက်ရှ်ဖို့ဒ်က ရရှိခဲ့ပြီး ယူ-၂၁ ဆုကို ဘော့ဝှစ်ဂျက်ဆင်က ရရှိခဲ့သည်။

Ref; Mirror

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly