ဧပြီလလယ်နောက်ပိုင်း ဆိုးဝါးသည့် ရာသီဥတုကြောင့် ၂၁ ဦးသေဆုံးကာ ခြောက်သောင်းနီးပါး ဘေးဒုက္ခကြံုတွေ့

ဧပြီလလယ်နောက်ပိုင်း ဆိုးဝါးသည့် ရာသီဥတုကြောင့် ၂၁ ဦးသေဆုံးကာ ခြောက်သောင်းနီးပါး ဘေးဒုက္ခကြံုတွေ့
ယင်းမာပင်မြို့နယ် တရော်ကျင်းကျေးရွာတွင် မေ ၁ ရက်က လေပြင်းတိုက်ခတ်မှုကြောင့် နေအိမတချို့ပြိုကျသည်ကိုတွေ့ရစဉ်။ ဓာတ်ပုံ-မာန်ဇာမြေမွန်

မြန်မာနိုင်ငံတွင် ဧပြီလလယ်မှစကာ ဆိုးဝါးသည့် ရာသီဥတုများ ကြုံတွေ့ရင်ဆိုင်နေရကြောင်း လူသားချင်းစာနာထောက်ထားရေးပူးပေါင်းဆောင်ရွက်မှု ကုလသမဂ္ဂရုံးက ထုတ်ပြန်ကြောင်း ကုလသမဂ္ဂပြောရေးဆိုခွင့်ရှိသူ စတီဖင်ဒူဂျာရစ်က ဧပြီ ၂ ရက်တွင် သတင်းထောက်များအား ပြောသည်။

လေပြင်းတိုက်ခိုက်ခြင်း၊ မိုးသီးကြွေခြင်းနှင့် မိုးသည်းထန်စွာ ရွာသွန်းခြင်းတို့ကြောင့် လူပေါင်း ၂၁ ဦးသေဆုံးကာ ဘေးဒုက္ခရင်ဆိုင်ရသူ ၅၉၀၀၀ ကျော်ခန့်ရှိနေကြောင်း အာဏာပိုင်များက ခန့်မှန်းထားသည်ဟု ၎င်းက ပြောသည်။

ပျက်စီးပြိုကျသည့် အိမ်ခြေရာခြေပေါင်းမှာ ၁၉၀၀ နီးပါးရှိကြောင်းလည်း ၎င်းက ဆိုသည်။

 ကချင်ပြည်နယ်တွင် မိသားစု ၅၅၀ ရွှေ့ပြောင်းနေထိုင်ရာ ယာယီဒုက္ခသည်စခန်းများက လေပြင်းဒဏ်ကြောင့် ပျက်စီးရာ လူသားချင်းစာနာထောက်ထားရေးအဖွဲ့အစည်းများက အရေးပေါ်ယာယီစခန်းများ ကူညီပေးရလျက်ရှိနေကြောင်း ပြောရေးဆိုခွင့်ရှိသူ ဒူဂျာရစ်က ပြောသည်။ “နောက်ထပ်လုပ်ဆောင်ပေးရမှာက ယာယီစခန်းတွေ ပြင်ဆင်တည်ဆောက်ပေးဖို့ လိုနေပါတယ်။”ဟု ၎င်းကဆိုသည်။

ဧပြီလလယ်မှစကာ မြန်မာနိုင်ငံဒေသအချို့တွင် ပြင်းထန်သည့် ရာသီဥတုကျရောက်နေပြီး လေပြင်းမုန်တိုင်းများကြောင့် ရှေးဟောင်းဘုရားစေတီပုထိုးပေါင်း ၁၇၀၀ ဝန်းကျင်ပြိုကျပျက်စီးကာ ရှမ်းပြည်နယ်အတွင်း အိမ်များ ပျက်စီးခြင်း၊ လျှပ်စစ်မီးများ ပြတ်တောက်ခြင်းများ ဖြစ်ပေါ်သည်။ ဘေးကျရောက်ရာ ကမ္ဘာလှည့်ခရီးသည်များ အလာများသည့် နေရာများကိုလည်း အပျက်အစီးများ ရှင်းလင်းရေးအတွက် ဒေသအာဏာပိုင်များက ပိတ်ထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly