ကချင်ပြည်နယ်တွင် ရေကြီးရေလျှံမှုများကြောင့် လူ ၅၀၀ ကျော် အိုးမဲ့၊ အိမ်မဲ့ဖြစ်

ကချင်ပြည်နယ်တွင် ရေကြီးရေလျှံမှုများကြောင့် လူ ၅၀၀ ကျော် အိုးမဲ့၊ အိမ်မဲ့ဖြစ်

ရန်ကုန်၊ မေ၊ ၂ ။            ။ ကချင်ပြည်နယ်မြောက်ပိုင်းတွင် တစ်ပတ်ကြာမိုးသန်းထန်စွာရွာသွန်မှုကြောင့် ရေကြီး၊ရေလျှံမှုများဖြစ်ပွားပြီး လူပေါင်း ၅၄၅ ဦးခန့် အိုးမဲ့၊ အိမ်မဲ့ဖြစ်ခဲ့ရကြောင်း ဒေသတွင်းအာဏာပိုင်များ၏ ထုတ်ပြန်ချက်အရ သိရသည်။

ချီဘွယ်မြို့နယ်တွင် ရေကြီးမှုကြောင့် အိမ်ခြေ ၉၅ လုံးခန့်ပျက်စီးခဲ့ပြီး အစာရေဆာပြတ်လပ်မှုနှင့်လည်း ကြုံတွေ့ရလျှက် ရှိသော်လည်း လူအသေအပျောက်မရှိကြောင်း အာဏာပိုင်များကထုတ်ပြန်သည်။

မြစ်ကြီးနားခရိုင်တွင်လည်း ရေကြီးမှုများကြောင့် လူပေါင်း ၄၅၀ ကျော်မှာ အိုးအိမ်များဆုံးရှုံးခဲ့ကြရသည်။

လက်ရှိအချိန်တွင် ဒေသတွင်းအစိုးရ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ တပ်မတော်သားများ၊ ကြက်ခြေနီများ နှင့် စေတနာ့ ဝန်ထမ်းများက ကယ်ဆယ်ရေးလုပ်ငန်းများလုပ်ဆောင်လျှက်ရှိပြီး လမ်းများပေါ်ရှိ ရွှံ့နွံများနှင့် ကျောက်တုံးများကို ဖယ်ရှားခြင်း၊ ရွာများသို့ သွာရေး၊လာရေး ပြန်လည်အဆင်ပြေစေရန် ယာယီတံတာများထိုးခြင်း စသည် တို့ကိုလုပ်ဆောင် လျှက်ရှိသည်။

ထို့ပြင် စစ်သုံးရဟတ်ယာဉ်များဖြင့် ရေဘေးသင့်ပြည်သူများထံ စားနပ်ရိက္ခာများလည်း ပို့ဆောင်ပေးလျှက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required