အိန္ဒိယတွင် ကျောင်းသားငယ်တစ်ဦး သေနတ်ဖြင့် ဆက်ဖီရိုက်ရာမှ သေဆုံး

အိန္ဒိယတွင် ကျောင်းသားငယ်တစ်ဦး သေနတ်ဖြင့် ဆက်ဖီရိုက်ရာမှ သေဆုံး

နယူးဒေလီ၊ မေ ၂ ။              ။ အိန္ဒိယနိုင်ငံ ပန်ဂျပ်ပြည်နယ်တွင် ကျောင်းသားငယ်တစ်ဦး လက်ကိုင်သေနတ်ဖြင့် ဆက်ဖီရိုက်ရာမှ မတော်တဆ ကိုယ့်ကိုကို ပစ်ခတ်မိပြီး သေဆုံးသည်။

ရမ်မန်ဒိဆင်းချ်ဆိုသည့် အသက် ၁၅ နှစ်ရှိ ကျောင်းသားငယ်က ပတ်သန်ကော့မြို့ရှိ နေအိမ်တွင် ဧပြီ ၂၉ ရက်က ဖခင်ဖြစ်သူ၏ သေနတ်ဖြင့် ဓာတ်ပုံရိုက်ရာတွင် မတော်တဆမောင်းခလုတ်နှိပ်မိခဲ့ခြင်းဖြစ်သည်။

ဦးခေါင်းတွင် ပြင်းထန်စွာထိမှန်၍ ဆေးရုံတွင် မေ ၁ ရက်က သေဆုံးသွားခြင်းဖြစ်သည်။

ထိုကျောင်းသားငယ်သေဆုံးမှုနှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးလျက်ရှိကြောင်း အကြီးတန်းရဲအရာရှိက ပြောသည်။

မိသားစုတွေကတော့ တော်တော်လေး တုန်လှုပ်နေကြတယ်။"ဟု တာဝန်ရှိသူကဆိုသည်။

"မိသားစုတွေကတော့ ပြောပါတယ်။ အဖေဖြစ်သူရဲ့ သေနတ်ကိုယူပြီး ဆက်ဖီရိုက်ရာကနေ ခုလိုမတော်တဆဖြစ်ပြီး သေဆုံးတယ်လို့။ ကျွန်တော်တို့ကတော့ လုပ်ထုံးလုပ်နည်းတွေအတိုင်း စစ်ဆေးလုပ်ဆောင်ပြီးမှ သေမှုသေခင်းနဲ့ပတ်သက်ပြီး ပြောဆိုနိုင်မှာဖြစ်ပါတယ်။"ဟု ယင်းက ပြောခဲ့သည်။

အိန္ဒိယနိုင်ငံတွင် ပြီးခဲ့သည့်လများအတွင်း ဆက်ဖီရိုက်ရင်း မတော်တဆဖြစ်ရာမှ သေဆုံးမှုများ များပြားလာခဲ့သည်။

ဇန်နဝါရီလအတွင်းကလည်း ရထားလာစဉ် သံလမ်းတွင် ဆက်ဖီရိုက်သည့် ဆယ်ကျော်သက်လူငယ်တစ်ဦး သေဆုံးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly