လေးမျက်နှာမြို့နယ် လက်သမားကရင်အုပ်စုမှ ငဝန်ရေကာတာကမ်းပြိုမှုကာကွယ်ရန်စီစဉ်

လေးမျက်နှာမြို့နယ် လက်သမားကရင်အုပ်စုမှ ငဝန်ရေကာတာကမ်းပြိုမှုကာကွယ်ရန်စီစဉ်
ဓာတ်ပုံ-ဦးခင်ကျော်

ရန်ကုန် ၊ မေ ၂ ။               ။ လေးမျက်နှာမြို့နယ် လက်သမားကရင်ကျေးရွာအုပ်စု လက်သမားဘုန်းတော်ကြီး ကျောင်းရှေ့ရှိငဝန်ရေကာတာကမ်းပြိုမှုကို ကာကွယ်ရန်စီစဉ်နေကြောင်း NLD မြို့နယ်အမှု ဆောင်ဒုဥက္ကဋ္ဌ ဦးခင်ကျော်ကပြောကြားသည်။

နှစ်စဉ်နှစ်တိုင်း အနည်းငယ်စီပြိုကျမှုဖြစ်ပွားနေသည့်အတွက် ကမ်းပြိုမှုကာကွယ်ရန်အတွက် အမှတ်၁ မဲဆန္ဒနယ်မြေတိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်ဦးစိုးခိုင်နှင့် အတူသွားရောက်လေ့လာခဲ့ပြီးအနီးကပ် စောင့်ကြည့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဦးခင်ကျော်ကပြောသည်။

ငဝန်ရေကာတာသည်ကမ်းပြိုမှုသည် နှစ်စဉ်ဖြစ်ပွားရာမြေမာသားဖြစ်သောကြောင့် ချက်ချင်း အပြိုကျသော်လည်း  ကမ်းနှင့်တာ အလည်အကွာအဝေးမှာ ၅၅ ပေသာရှိနေပြီး  တာခြေနှင့် ဆိုပါကပေ၃၀ သာကျန်တော့ကြောင်းသိရသည်။

မြို့နယ်တာဝန်ခံဦးစီးက ယခုနှစ်အတွက်တာမကျိုးနိုင်ကြောင်း ပြောကြားထားသော်လည်း ပြည်သူများကစိုးရိမ်သဖြင့် ကမ်းဆယ်ရန်ပြုလုပ်ရန်စီစဉ်နေခြင်းဖြစ်ကြောင်း ၎င်းကရှင်းပြသည်။

ယင်းရေကာတာကို ကမ်းပြိုမှုကို ကာကွယ်ရန်အတွက် တိုင်းလွှတ်တော်တွင် အဆိုတင်သွားမည်ဖြစ်ပြီး လတ်တလောတွင် ကမ်းဆယ်သည့်လုပ်ငန်းကို တာတမံဌာနမှ ကို ခင်မောင်ဦးနှင့်အဖွဲ့က လှိုင်းဒဏ်ခံနိုင်သည့် ပစ္စည်းများဖြင့် ယာယီဆောင်ရွက်နေကြောင်း ဦးခင်ကျော်က ရှင်းပြသည်။

လွှတ်တော်၏ ခွင့်ပြုချက်ရရှိပါက ယင်းတာကို ပြန်လည်ပြုပြင်မည်ဖြစ်ပြီး တာနှင့် မလွှတ်သည့် အိမ်ခြေများကို ဖျက်ပေးရန် ရွာသားများဖြင့် ညှိုင်းပြီးပြီဖြစ်ကြောင်း ၎င်းကဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required