TLNA ထိုးစစ်ဆင်မှု ငြိမ်းချမ်းစွာညှိနှိုင်လိုခြင်းမရှိ၍ဖြစ်ကြောင်း RCSS ဝေဖန်

TLNA ထိုးစစ်ဆင်မှု ငြိမ်းချမ်းစွာညှိနှိုင်လိုခြင်းမရှိ၍ဖြစ်ကြောင်း RCSS ဝေဖန်
ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော်(RCSS/SSA)စစ်ရေးပြအခမ်းအနားကိုတွေ့ရစဉ်။ဓာတ်ပုံ- သိဂီၤထွန်း

ရန်ကုန်၊ မေ ၂ ။            ။ TNLA မှ ထိုးစစ်ဆင် တိုက်ခိုက်လာမှုမှာ ငြိမ်းချမ်းစွာ ညှိနှိုင်းအဖြေရှာလိုခြင်းမရှိ၍ ဖြစ်ကြောင်း ရှမ်းပြည် ပြန် လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော်(RCSS/SSA)က ပြောကြားလိုက်သည်။

မေလ ၁ရက်နေ့က စတင်၍ ရှမ်းပြည်နယ်မြောက်ပိုင်း မိုင်းဝီးမြို့နယ်အတွင်း၌ RCSS နှင့်  TNLA တို့ တိုက်ပွဲ များ ပြင်ထန်ခဲ့ခြင်းနှင့် ပတ်သက်၍ RCSS က ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

" မိမိတို့ ရှမ်းပြည်တပ်မတော် အား ထိုးစစ်ဆင် စတင်တိုက်ခိုက်လာခြင်းမှာ ငြိမ်းချမ်းစွာ တွေ့ ဆုံ ဆွေးနွေးအဖြေရှာသည့် နည်းလမ်းများဖြင့် ညှိနှိုင်းအဖြေရှာလိုသည့် ဆန္ဒမရှိသည်ကို ထင်ရှားစွာ မြင်နိုင် ကြောင်း" ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

TNLAနှင့် RCSS အဖွဲ့တို့သည် ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၂၇ ရက်မှစတင်၍ တိုက်ပွဲ စတင်ဖြစ်ပွားခဲ့ပြီနောက် တိုက်ပွဲများရပ်တန့်နေခဲ့ရာမှ မေလ ၁ ရက် နံနက် ၈ နာရီ ၄၅ မိနစ်တွင် ရှမ်းပြည်နယ်မြောက်ပိုင်း မိုင်းဝီးမြို့ နယ် ဆိုင်းလိန်ကျေးရွာ အနီးတွင် တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

လက်ရှိ တိုက်ပွဲဖြစ်ပွားသော နယ်မြေများတွင် ယခင်က RCSS အခြေချခြင်းမရှိပဲ TNLA ထိမ်းချုပ်နယ်မြေများ ဖြစ်ပြီး NCA လက်မှတ်ရေးထိုးပြီးနောက်ပိုင်းမှသာ ဝင်ရောက်လာသည့်အတွက် တိုက်ပွဲများ ဖြစ်ပွားရသည် ဟု TNLAတပ်ဖွဲ့မှာ ပြန်ကြားရေးတာဝန်ခံ မိုင်းအိုက်ကျော်က မဇ္ဈိမသို့ ပြောကြားထားသည်။

အဆိုပါ ပဋိပက္ခများ ပြေလည်မှုရရှိရန် ဧပြီလ ၂၃ ရက်က UNFC နှင့် ဝ ပြည်သွေးစည်းညွတ်ရေးပါတီ (UWSP)တို့ အား ကြားဝင် ဖြေရှင်းပေးရန်  RCSS က စာရေးသားအကြောင်းထားသော်လည်း လက်ရှိ အချိန်ထိ တွေ့ဆုံ ဆွေးနွေးနိုင်ခြင်းမရှိသေးပဲ ယခုကဲ့သို့ တိုက်ပွဲများထပ်မံ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required