ဘာသာရေးခွဲခြားမှုများအား ဒေါသဖြင့် တုံ့ပြန်မှုမပြုရန် UCW (Myanmar SCM) တိုက်တွန်း

ဘာသာရေးခွဲခြားမှုများအား ဒေါသဖြင့် တုံ့ပြန်မှုမပြုရန် UCW (Myanmar SCM) တိုက်တွန်း

ရန်ကုန် ၊ မေ ၂ ။           ။ ခရစ်ယာန်တက္ကသိုလ် ကျောင်းသား၊သူများအား အွန်လိုင်းပေါ်တွင်ဖြစ်ပေါ်နေသည့် ဘာသာရေးခွဲခြားအပေါ် ဒေါသဖြင့် တုံ့ပြန်ုခြင်းမပြုကြပါရန် မေ ၂ရက်နေ့ တွင် University Christian Work (Myanmar SCM) မှ သတိပေးနှိုးဆော်ချက် တစောင် ထုတ်ပြန်လိုက်သည်။

 လူမှုကွန်ရက်ပေါ်မှ  ခရစ်ယာန်ဘာသာဝင်တွေအပေါ် တိုက်ခိုက်မှု ခွဲခြားမှုနှင့် ခရစ်ယာန်ဘာသာဝင် ဘုရားကျောင်းအတွင်း၌ စေတီတည်ခြင်း အကြောင်းအရာ ကိစ္စရပ်များနှင့် ပတ်သတ်၍ ရန်ကိုရန်ခြင်း တုံ့ပြန်ခြင်းမပြုရန် မေတ္တာထားခွင့်လွှတ်ကြရန် University Christian Work (MyanmarSCM) ၏ ထုတ်ပြန်ချက်တွင်ဖော်ပြပါရှိသည်။

 “လူဆိုတဲ့သဘောက မိမိတို့ရဲ့ ယုံကြည်ကိုးကွယ်ခြင်း၊ ကျင့်သုံးခြင်းနဲ့ပတ်သက်လာတဲ့အခါ ဒေါသရှေ့ထားပြီးဆောင်ရွက်တတ်တဲ့ သဘောရှတာကြောင့် ဘာသာမတူသော်လည်း တစ်ဦးနှင့် တစ်ဦး လေးစားစွာပြုမူဆက်ဆံကြရန် လိုအပ်ပါတယ်။” ဟု Myanmar SCM၏ အတွင်းရေးမှူး ဦးထွန်းထွန်းဦးကပြောကြားသည်။

တက္ကသိုလ်ကျောင်းသား၊သူများအား အဓိကထားထုတ်ပြန်ရခြင်းမှာ ကျောင်းသား၊သူများမှ တဆင့် မိဘဆွေမျိုးအသိုင်းအဝိုင်း၊ မိမိလူမှုပတ်ဝန်းကျင်သို့ ဖြန့်ေ၀ ပြောဆိုနိုင်ရန် ရည်ရွယ်ကြောင်း ၎င်းကပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required