ယင်းမာပင်မြို့နယ် တရော်ကျင်းကျေးရွာတွင် လေပြင်းတိုက်၍ အိမ်ခြေ ၃၀ ခန့် ပျက်စီး

ယင်းမာပင်မြို့နယ် တရော်ကျင်းကျေးရွာတွင် လေပြင်းတိုက်၍ အိမ်ခြေ ၃၀ ခန့် ပျက်စီး

မုံရွာ၊ မေ ၂ ။             ။ ယင်းမာပင်မြို့နယ် ထရော်ကျင်းကျေး ရွာတွင် မေ ၁ ရက်နေ့ ညနေခင်းက လေပြင်းတိုက်ခတ်မှုကြောင့် အိမ်ခြေ ၃၀ ခန့် ပျက်စီးခဲ့ကြောင်း ဒေသခံများက ပြောသည်။

"မိုးရွာတယ်။ လေပြင်းတိုက်တယ်။ မိုးသီးပါကျတယ်။ ဒါပေမဲ့ အကြီးကြီးတွေ မပါဘူး။ အောက်ရောက်တာနဲ့ တခါတည်း အရည်ပျော်တာပဲ။ လေပြင်းတိုက်တာက ပိုဆိုးပါတယ်။ သစ်ပင်တွေလဲတယ်။ အိမ်တွေပိတယ်။ တိုင်ခြေတွေကနေ ကျွတ်ထွက်တာတွေလဲ ပါတယ်။ " ဟု တရော်ကျင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးပြေသိမ်းက ပြောသည်။

ထို့ပြင် လူနှင့်အခြား တိရိစ္ဆာန်များ အသေအပျောက်မရှိခဲ့ကြောင်း၊ နွေရာသီ သီးနှံနားချိန်ဖြစ်သည့်အတွက် ပျက်စီးမှု လည်းမရှိကြောင်း တောင်သူတစ်ဦးက ပြောသည်။

"လေပြင်းတိုက်ချိန်က ၁၅ မိနစ်လောက်ပဲ ကြာမယ်။ အခုတော့ အပျက်အစီးတွေကို ရှင်းလင်းနေပါပြီ။ နမခ စစ်တပ်ထဲက တပ်ရင်းတစ်ရင်း ကလည်း လာရောက်ကူညီရှင်းလင်း ပေးပါတယ်။ "ဟု တရော်ကျင်းကျေးရွာ ဒေသခံတစ်ဦးက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required