အဆိုတော် မေခလာ၏ မွေးနေ့ အလှူ အဖြစ် နေရာ ၄နေရာ သို့ လှူဒါန်းမှုများ ပြုလုပ်

အဆိုတော် မေခလာ၏ မွေးနေ့ အလှူ အဖြစ် နေရာ ၄နေရာ သို့ လှူဒါန်းမှုများ ပြုလုပ်

ရန်ကုန် ၊ မေ ၂ ။            ။ အဆိုတော် မေခလာ သည် မေ ၂ရက်တွင် ကျရောက်သည့် ၎င်း၏ မွေးနေ့ အမှတ်တရ အဖြစ် အလှူငွေ စုစုပေါင်း ၅၃ သိန်းကျပ် ကို နေရာ ၅နေရာ သို့ ခွဲေ၀ လှူဒါန်း ခဲ့သည်။

ယခုနှစ်တွင် မွေးနေ့ အလှူ အဖြစ် မင်္ဂလာဒုံ မြို့နယ် ရှိ သင်္ကန်းကျွန်းကြီး ကျေးရွာရှိ ပညာမြေ ကျောင်းတိုက် ကို ကျပ် သိန်း ၂၀ ၊ နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူ တည်ထား ကိုးကွယ်သည့် ပရဟိတ အောင်တော်မူ ဘုရား ကြီး ဆက်လက် တည်ဆောက်ရန် အတွက် ကျပ် ၁၀သိန်း ၊ တွံတေးမြို့ရှိ စိတ္တသုခ လှူမှု ကူညီရေးအသင်း ကို ကျပ် ၁၀သိန်း ၊ Myanmar Children Focus ကို ကျပ် ၁၀သိန်း ၊ အဆိုတော် မေခလာ၏ အနုပညာ ဆရာ တစ်ဦး ဖြစ်သူ တေးရေးဆရာ ဦးဇော်တင် ကို ကျပ် ၃သိန်း စုစုပေါင်း ၅၃သိန်းကျပ် ကို အသီးသီး ခွဲေ၀ လှူဒါန်း ခဲ့သည်။

အဆိုတော် မေခလာ က "ဒီနှစ်တော့ ၄ နေရာ လှူမယ် ။ ချစ်ငယ် ဒီ့ထက် ပိုပြီး လှူချင် တယ် ။ ဒီလို လှူဒါန်း နိုင်တယ် ဆိုတာ ကလည်း ချစ်ငယ် တစ်ယောက်တည်းရဲ့ ခွန်အားကြောင့် မဟုတ်ပါဘူး။ ချစ်ငယ်ရဲ့ ပရိတ်သတ် တွေ လှူတဲ့အလှူ ပါ။ ပရိတ်သတ်က ချစ်လို့ ပေးတဲ့ ပိုက်ဆံတွေကို အမြဲတမ်းစုပါတယ်။ အဲ့ဒီ ဖယ်ထားတဲ့ ပိုက်ဆံလေးတွေ နဲ့ အမြဲတမ်း လှူဖြစ်ခဲ့ပါတယ်။ မေလ ၂ရက်နေ့တွေ မှာ လှူတဲ့ အလှူသည် မေခလာရဲ့ ချွေးနည်းစာ တစ်ခုထဲ မဟုတ်ပါဘူး ပရိတ်သတ်ရဲ့ ချွေးနည်းစာ ဖြစ်တဲ့ အတွက် အားလုံး သာဓု ခေါ်နိုင်ပါတယ်" ပြောသည်။

မွေးနေ့ အထိမ်းအမှတ် အဖြစ် အနုပညာ ချွေးနည်းစာများ စုဆောင်းပြီး လှုဒါန်း ခဲ့သည်မှာ ယခုနှစ် ဆိုရင် သုံးနှစ်မြောက် ရှိပြီ ဖြစ်ပြီး မွေးနေ့ အလှူသာ မက နာဂစ် ဖြစ်ပြီး နောက်ပိုင်း ကတည်းက အဆိုတော် မေခလာ သည် လိုအပ်သည့် နေရာ များသို့ လှူဒါန်း မှုများ ပြုလုပ် ခဲ့သူ တစ်ဦးလည်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required