အရက်မသောက်ရန် တားမြစ်သဖြင့် ဖခင်ဖြစ်သူကို ဓါးဖြင့်ခုတ်သတ်

အရက်မသောက်ရန် တားမြစ်သဖြင့် ဖခင်ဖြစ်သူကို ဓါးဖြင့်ခုတ်သတ်

မေ ၂ ရက် ။            ။ အရက်မသောက်ရန် တားမြစ်ရာမှ ဖခင်ဖြစ်သူကို ဓါးဖြင့် ခုတ်သတ်ခဲ့သည့် ဖြစ်ရပ်တစ်ခု ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မေလ ၁ ရက်နေ့က မင်းပြားမြို့နယ်၊ ငတက်ကျေးရွာရှိ စိတ်မနှံ့သူတစ်ဦးကို ဖခင်ဖြစ်သူက အရက်မသောက်ရန် တားမြစ်ရာမှ ဓားရှည်ဖြင့် ခုတ်သတ်ခဲ့ပြီး၊ သတ်ဖြတ်နေမှုကို ဟန့်တားသည့် အစ်ကိုဖြစ်သူကို ဆက်လက်တိုက်ခိုက်သဖြင့် မင်းပြားမြို့နယ်ရဲတပ်ဖွဲ့က သေနတ်ဖြင့် ပစ်ခတ်ကာ ဖမ်းဆီးခဲ့ရကြောင်း မြို့နယ်ရဲစခန်းက အတည်ပြု ပြောကြားသည်။

“ အဖေကို ခုတ်တယ်။ ပြီးတော့ အစ်ကိုကို ထပ်မံ ရန်ရှာတယ်။ ရဲတွေက သူ့အိမ်ကို ဝိုင်းပြီး အဖမ်းခံဖို့ ပြောတော့ အိမ်ထဲက ဓါးအရှည် ၂ လက်ကိုင်ပြီး ထွက်လာတယ်။ ရဲတပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်ဖို့ကြိုးစားတဲ့အတွက် သေနတ်နဲ့ ပစ်ခတ်ပြီး ဖမ်းဆီးလိုက်ရပါတယ်။ ပေါင်ကို ထိသွားတာပေါ့။"  ဟု မင်းပြားမြို့နယ် မြို့မရဲစခန်းမှ ရဲအုပ်ညီညီက ပြောသည်။

ဓါးခုတ်ခံခဲ့ရသော ဖခင်ဖြစ်သူ ဦးခိုင်ထွန်းဦးမှာ သေဆုံးခဲ့ပြီး အစ်ကိုဖြစ်သူ ထွန်းသိန်းအေးမှာ မင်းပြားဆေးရုံတွင် အတွင်းလူနာအဖြစ် ဆေးကုသမှု ခံယူနေရကာ ၎င်းက တရားလို ပြုလုပ်တိုင်တန်းသဖြင့် ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ (ပ) ၇၀/၂၀၁၆၊ ပြစ်မှုပုဒ်မ ၃၀၂/၃၂၆ တို့ဖြင့် အမှုဖွင့်ကာ မင်းပြားမြို့မရဲစခန်းတွင် စစ်ဆေးလျှက်ရှိကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly