ဂျာမနီလက်ယာယိမ်း AfD ပါတီ အစ္စလာမ်ဆန့်ကျင့်ရေးမူဝါဒ ပြဌာန်း

ဂျာမနီလက်ယာယိမ်း AfD ပါတီ အစ္စလာမ်ဆန့်ကျင့်ရေးမူဝါဒ ပြဌာန်း

ဘာလင်၊ မေ ၂ ။              ။ ဂျာမနီနိုင်ငံမှ လက်ယာယိမ်း AfD ပါတီက ပြတ်သားသည့် အစ္စလာမ်ဆန့်ကျင့်ရေးမူဝါဒကို ပြဌာန်းသည်။

ပါတီညီလာခံတွင် တက်ရောက်လာကြသူများက အစ္စလာမ်သည် ဂျာမနီအတွက် အစိတ်အပိုင်းတစ်ခုမဟုတ်ကြောင်း ပြောဆိုလျက် မျက်နှာပြည့်ဇာလွှာဖုံးခြင်းနှင့် ဝတ်ပြုဆုတောင်းမှုများကို ဆန့်ကျင်ကြောင်း ကြေသည်။

မွတ်စလင်အုပ်စုများနှင့် ပြည်တွင်းဆွေးနွေးပွဲများ လုပ်ဆောင်ရန် တိုက်တွန်းသည့် ညီလာခံတက်ရောက်လာသူ ကိုယ်စားလှယ်တစ်ဦးမှာလည်း ဝိုင်းဝန်းလှောင်ပြောင်ခံရသည်။

စတက်ဂတ်တွင် မေ ၁ ရက်က ကျင်းပသည့် ယင်းညီလာခံစတင်ချိန်တွင် ကန့်ကွက်ဆန္ဒပြမှုများ ထိပ်တိုက်ဖြစ်ပွားပြီး လက်ဝဲယိမ်းဆန္ဒပြသူရာပေါင်းများစွာ ထိန်းသိမ်းခံရသည်။

တစ်ချိန်တည်းတွင် AfD ပါတီဝင် ၂၀၀၀ ကျော်ထက်မနည်း ပြောဆိုကြခဲ့ကြသည့် မိန့်ခွန်းများကိုလည်း ဟက်ကာများက လက်ဝဲယိမ်းဝက်ဘ်ဆိုက်များတွင် ဖော်ပြလာသည်။

AfD ပါတီသည် လွန်ခဲ့သည့် သုံးနှစ်ကမှ ဖွဲ့စည်းတည်ထောင်လာခဲ့ခြင်းဖြစ်ကာ ၂၀၁၅ ခုနှစ်အတွင်း ရွှေ့ပြောင်းဝင်ရောက်သူ တစ်သန်းအား လက်ခံသည့် ဝန်ကြီးချုပ်အိန်ဂျလာမာကဲလ်၏ ဆုံးဖြတ်ချက်ကို ဆန့်ကျင်လှုံ့ဆော်မှုများဖြင့် အင်အားကောင်းလာခဲ့သည့် ပါတီတစ်ရပ်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required