လေးနိုင်ငံဖိတ်ခေါ်ဘောလုံးပြိုင်ပွဲကို ဧရာဝတီဘဏ်မှ အဓိကစပွန်ဆာအဖြစ် ပံ့ပိုးမည်

လေးနိုင်ငံဖိတ်ခေါ်ဘောလုံးပြိုင်ပွဲကို ဧရာဝတီဘဏ်မှ အဓိကစပွန်ဆာအဖြစ် ပံ့ပိုးမည်

မေ ၁၊ ရန်ကုန်။            ။ ဇွန်လပထမအပတ်အတွင်း မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် လေးနိုင်ငံဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ ကို အဓိကစပွန်ဆာအဖြစ် ဧရာဝတီဘဏ်က ကူညီပံ့ပိုးမည်   ဖြစ်သည်။

၂၀၁၆ဆူဇူကီးဖလားပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းအောင်မြင်မှုရရန်အတွက် ရည်ရွယ်ကျင်းပသော ယင်းပြိုင်ပွဲတွင် အိမ်ရှင် မြန်မာအသင်းအပါအဝင်၊ စင်ကာပူ၊ ဗီယက်နမ်၊   ဟောင်ကောင်အသင်းများပါဝင်ယှဉ်ပြိုင်မည်ဖြစ်သည်။ ဧရာဝတီဘဏ်က ယင်းပြိုင်ပွဲကို အဓိက စပွန်ဆာအဖြစ် ပံ့ပိုးကူညီမည်ဖြစ်သောကြောင့် ပြိုင်ပွဲအမည်ကိုလည်း AYA Bank Cup 2016 ဟုအမည်ပေးထားသည်။

လေးနိုင်ငံဖိတ်ခေါ်ဘောလုံးပြိုင်ပွဲကို ဇွန်လ ၃ရက်နှင့် ၅ရက်များတွင်ကျင်းပမည်ဖြစ်ပြီး ဆီမီးဖိုင်နယ်အဆင့်မှ စတင်ကစားရမည်ဖြစ်ကာ အနိုင်ရမည့် နှစ်သင်းဗိုလ်လုပွဲကစားရမည်ဖြစ်ပြီး ရှုံးသောနှစ်သင်းမှာ တတိယနေရာလုပွဲကစားရမည်ဖြစ်သည်။ ပြိုင်ပွဲတွင်ကျင်းပမည့်ဆုကြေးနှင့် အသင်းအတွဲအဖက် မဲခွဲပွဲကိုမူ ပြိုင်ပွဲကာလနီးချိန်တွင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ထပ်မံကြေငြာမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly