စစ်ကိုင်း အလုပ်သမားသပိတ် စစ်ကြောင်း ကျောက်ဆည် အဝင်တွင် ထွေအုပ်မှ သတိပေးတားမြစ်ခံရ

စစ်ကိုင်း အလုပ်သမားသပိတ် စစ်ကြောင်း ကျောက်ဆည် အဝင်တွင် ထွေအုပ်မှ သတိပေးတားမြစ်ခံရ
ဓာတ်ပုံ-ကိုကိုနိုင်

ရန်ကုန်၊ မေ ၁ ။             ။ စစ်ကိုင်းမြို့ ပတ္တမြား စက်မှုဇုန် MYANMAR VENNER PLAYWOOD မှ အလုပ်သမားသပိတ်စစ်ကြောင်းကို ကျောက်ဆည် မြို့အဝင်တွင် အထွေထွေ အုပ်ချုပ်ရေးမှူးက တားမြစ်ခဲ့ကြောင်း သပိတ်စစ်ကြောင်းအောင်နိုင်ရေး ကော်မတီ မှ ဦးထွန်းထွန်းနိုင်က မဇ္ဈိမ ကိုပြောသည်

“ကျွန်တော်တို့ကို အခုထွေအုပ်ကတားတယ် ကျွန်တော်တို့ သပိတ်နေပြည်တော်ရောက်ပြီး နောက်ပိုင်း အမှုတွေကို တရားဥပဒေအတိုင်း ကျွန်တော်တို့ရင်ဆိုင်မယ်”ဟု ၎င်းကပြောသည်။

ကျောက်ဆည်မြို့အဝင်တွင် အထွေထွေအုပ်ချုပ်ရေးမှူးမှ မြို့ထဲတွင်ဆန္ဒထုတ်ဖော်ရန် တစ်ပတ်ခန့် ကြိုတင်၍ ခွင့်ပြုမိန့်တင်ရမည် ဟု သပိတ်စစ်ကြောင်းမှ တာဝန်ရှိသူကို လာရောက်သတိပေးခဲ့သည့် အပေါ် ဥပဒေအတိုင်းဆောင်ရွက်ရန် အလုပ်သမားများက ပြောဆို၍ သပိတ်ကို ဆက်လက်ချီတက်ခဲ့သည်ဟု ၎င်းကပြောသည်။

 အလုပ်သမား ၁၀၀ ခန့်သည် ဧပြီ ၂၉ရက်နေ့မှ စ၍ စစ်ကိုင်းမြို့မှ နေပြည်တော်သို့ လမ်းလျှောက်ချီတက်ခဲ့ရာ စစ်ကိုင်း၊ မန္တလေး ၊ပလိပ်၊မြစ်ငယ်မြိုကိုဖြတ်၍ သပိတ် စစ်ကြောင်း ၃ရက်မြောက်နေ့တွင်   ကျောက်ဆည်မြို့ အဝင်တွင် ကျောက်ဆည် မြို့မှ အထွေထွေအုပ်ချုပ်ရေးမှူးမှ သတိပေးခံခဲ့ရခြင်းဖြစ်သည်ဟု ၎င်းကပြောသည်။

အလုပ်သမားများတောင်းဆိုသည် တရားဥပဒေစိုးမိုးရေး၊ အလုပ်သမား၊ အလုပ်ရှင် နှင့် အလုပ်သမားဝန်ကြီးဌာန သုံးပွင့်ဆိုင်တွေ့ဆုံပေးရေး အပါအဝင် အလုပ်ဖြုတ်ခံရသည့် အလုပ်သမားများ အလုပ်ကိုင်ပြန်လည်ရရှိရေးအတွက် နေပြည်တော် သမ္မတရုံးရှေ့တွင် ဆန္ဒထုတ်ဖော်ရန်ချီတက်ခဲ့ခြင်းဖြစ်သည်။

မေ ၁ရက်နေ့တွင် ကျောက်ဆည် မြို့နယ်ရှိ ကျောက်ဆည်မြို့နယ် တောင်နောက် ကျေးရွာ ရွှေသိမ်တော် ဘုရားအနီး သီတဂူ ကျောင်းတိုက်တွင် သပိတ်စစ်ကြောင်း ကိုရပ်နား၍ မတ်၂ရက်နေ့ ကျောက်ဆည် မြို့ထဲတွင် လှည့်လည်ဆန္ဒထုတ်ဖော်မည် ဟု၎င်းကပြောသည်။

 ယင်းစက်ရုံတွင် ဝန်ထမ်းအင်းအား ၂၀၀ကျော်ရှိပြီး ၂၀၁၅ ခုနှစ် သြဂုတ်လ ၁၀ ရက်နေ့က အလုပ်သမားများနှင် အလုပ်ရှင် တို့က ကန်ထရိုက်စာချုပ်တွင် ရှားပါးစရိတ်၊ ထောက်ပံကြေး၊ ရက်မှန်မကြေး၊ ကျွမ်းကျင်ကြေးများ သတ်မှတ်ချက်ဖြင့် သုံးပွင့်ဆိုင်စာချုပ်ချုပ်ဆိုခဲ့သည့်အပေါ် အလုပ်ရှင်က သက်မှတ်ကာလတွင်း မပေးခဲ့သည့် အတွက် အလုပ်သမားများ ဆန္ဒ ထုတ်ဖော်မှုများ စတင်ခဲ့သည်။

သတ်မှတ်ကာလအတွင်း အလုပ်ရှင်ဘက်က စာချုပ်ပါအချက်များကို ချိုးဖောက်၍ အလုပ်သမား ၁၆၁ ဦးကို ၂၀၁၆ ဖေဖေါ်ဝါရီ ၂၉တွင် အလုပ်ထုတ်ကြောင်း စက်ရုံရှေ့တွင် အလုပ်ထုတ်စာရင်းကိုကပ်၍ ကြေညာခဲ့သည်။

အလုပ်သမားများသည် အလုပ်ထုတ်ခံရသည့်နေ့မှစ၍ စက်ရုံရှေ့တွင် သုံးလအကြာ ထိုင်သပိတ်လုပ်၍ ဆန္ဒပြတောင်းဆိုမှု ပြုလုပ်ခဲ့သော်လည်း လာရောက်ဖြေရှင်းပေးမှု မရှိသေးသောကြောင့်   နေပြည်တော်သမ္မတ ရုံးသို့ ဆက်လက်ချီတက်ခဲ့သည် ဟု၎င်းကပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required