ယာဉ်​စည်​းကမ်​း လမ်​းစည်​းကမ်​း အသိပညာ​ပေး လက်​ကမ်​းစာ​စောင်​များဖြန်​့​ဝေ

ယာဉ်​စည်​းကမ်​း လမ်​းစည်​းကမ်​း အသိပညာ​ပေး လက်​ကမ်​းစာ​စောင်​များဖြန်​့​ဝေ
ဓါတ်ပုံ  ဗိုလ်ပြည့် ( တောင်တွင်းကြီး )

မင်းဘူး မေ ၁ ။             ။  တောင်တွင်းကြီးမြို့တွင် ယာဉ်စည်းကမ်းလမ်းစည်းကမ်း အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ယနေ့ မေလ(၁)ရက် နံနက်ပိုင်းက ပြုလုပ်လျက်ရှိကြောင်း သိရှိရသည်။

ယနေ့ နံနက်(၉)နာရီအချိန်က မြို့လယ်လမ်းဆုံတွင် မြို့နယ်ယာဉ်စည်းကမ်း လမ်းစည်းကမ်းထိန်းသိမ်းရေးအဖွဲ့နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူများ ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ ၊ မြို့နယ် ပုဂ္ဂလိကလုပ်ငန်းသုံးမော်တော်ယာဉ်ကြီးကြပ်ရေးအဖွဲ့ဝင် များ ပါဝင်သော ပူးပေါင်းအဖွဲ့မှ စနစ်တကျ ဖြန့်ဝေပေးခဲ့ကြပြီး အခြားသော လူစည်ကားရာနေရာများတွင်လည်း ပညာပေးကာလအနေဖြင့် လိုက်လံဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရသည် ။

တောင်တွင်းကြီးမြို့နယ်သည် ၂၀၁၃နှစ်မှစတင်ကာ နှိုင်းယှဉ်ကြည့်လျှင် ယာဉ်တိုက်မှု ၊ ယာဉ်တိမ်းမှောက်မှုများ တစ်နှစ်ထက် တစ်နှစ် ပိုမိုမြင့်တက်လာခဲ့ပြီး ဒဏ်ရာ ရရှိမှု ၊ သေဆုံးမှုများမှာလည်း ပိုမိုများပြားလာခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်များအရ သိရသည်။

ယာဉ်စည်းကမ်း လမ်းစည်းကမ်းနှင့်ပတ်သက်သော စည်းမျဉ်းစည်းကမ်း ၊ အမိန့်ညွန်ကြားချက်များ ထုတ်ပြန်ထားသော်လည်း လိုက်နာမှု အားနည်းလျှက်ရှိကြောင်းသိရှိရသည်၊
သက်ဆိုင်ရာ ဌာနဆိုင်ရာများ ၊ တာဝန်ရှိ အဖွဲ့အစည်းများက ထိရောက်ဟန့်တားလောက်သည့် အရေးယူဆောင်ရွက်မှု နည်းပါးခြင်းများကြောင့် ဖြစ်ပေါ်နေရခြင်းဖြစ်ကြောင်း ဒေသခံများက သုံးသပ်ပြောကြားသည် ။

 ထို့အပြင် လုပ်ငန်းသုံးထော်လာဂျီယာဉ်များ ၊ သုံးဘီးခရီးသည်တင်ယာဉ်များ ၊ အငှါးမော်တော်ဆိုင်ကယ်များ ၊ စားသောက်ကုန်စုံရောင်းချသည့် ဈေးသည် မော်တော်ဆိုင်ကယ်များ ၊ သောက်ရေသန့် ရောင်းချသည့် သုံးဘီးမော်တော်ဆိုင်ကယ်များအား မော်တော်ယာဉ်လိုင်စင်များ ၊ ယာဉ်မောင်းလိုင်စင်များ ၊ ကန့်သတ်ထားသည့် မော်တော်ယာဉ် အချက်ပြဟွန်းတပ်ဆင်မှုများ ၊ အသံကျယ်လောင်စွာထွက်ပေါ်သည့် အေ့ဇောတပ်ဆင်မှုများအား စနစ်တကျစစ်ဆေးခြင်း ၊ ပညာပေးခြင်းဟောပြောခြင်း ၊ အရေးယူဆောင်ရွက်ခြင်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်သွားမည်ဆိုပါက ယာဉ်တိုက်မှုများကြောင့် ထိခိုက်ဒဏ်ရာရရှိမှု သေဆုံးမှုများ အထိုက်အလျှောက် လျှော့နည်းသွားနိုင်မည်ဖြစ်သည်ဟု ဒေသခံများက သုံးသပ်ဝေဖန်ပြောကြားလျှက်ရှိကြောင်း သိရှိရသည်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required