လစ်ဗျားကမ်းလွန်တွင် ရွှေ့ပြောင်းလှေမှောက်၍ လူပေါင်း ရှစ်ဆယ်ကျော် ပျောက်ဆုံးနေ

လစ်ဗျားကမ်းလွန်တွင် ရွှေ့ပြောင်းလှေမှောက်၍ လူပေါင်း ရှစ်ဆယ်ကျော် ပျောက်ဆုံးနေ

ထရီပိုလီ၊ မေ ၁ ။             ။ လစ်ဗျားကမ်းလွန်တွင် ရွှေ့ပြောင်းဝင်ရောက်သူများ၏ လှေမှောက်၍ လူပေါင်း ရှစ်ဆယ့်လေးဦး ပျောက်ဆုံးနေကြောင်း ရွှေ့ပြောင်းသူများဆိုင်ရာနိုင်ငံတကာ အဖွဲ့အစည်းက ပြောသည်။

ဂြိုဟ်တုဖုန်းခေါ်ဆိုမှုတစ်ရပ် အီတလီကမ်းခြေစောင့်တပ်ဖွဲ့က ရရှိပြီးနောက် လှိုင်းထန်သည့် ပင်လယ်တွင် ယင်းရော်ဘာလှေကို ရှာဖွေတွေ့ရှိခြင်းဖြစ်သည်။

ယင်းသို့တွေ့ရှိ၍ ကမ်းခြေစောင့်တပ်ဖွဲ့က ကယ်ဆယ်ရာ ကျန်ရစ်သူ ၂၆ ဦးကို ရရှိပြီး အီတလီနိုင်ငံသို့ ခေါ်ဆောင်ခဲ့ရသည်။

ယခုရော်ဘာလှေကဲ့သို့ လှေမျိုးက လူမှောင်ခိုသမားများအသုံးပြုခြင်းဖြစ်ပြီး အနည်းဆုံး လူတစ်ရာနှစ်ရာတင်ဆောင်နိုင်ကြောင်း ကမ်းခြေစောင့်တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

လှိုင်းလေထန်ပြီး ပင်လယ်လှိုင်းအမြင့် နှစ်မီတာအထိ မြင့်တက်နေသည့် အခြေအနေကြောင့် ကယ်ဆယ်ရေးအတွက် အကျပ်အတည်းတွေ့ရသည်။

ယခုရွှေ့ပြောင်းသူအုပ်စုက မည်သည့်နိုင်ငံမှဖြစ်ကြောင်း လတ်တလောသတင်းမရနိုင်သေးပေ။

ယခုနှစ်အတွင်း အီတလီသို့ လှေဖြင့် ဝင်ရောက်သူအပေါင်း ၂၇၀၀၀ ဝန်းကျင်ရှိနေပြီး အများစုက လစ်ဗျားမှ ဝင်ရောက်ကြခြင်းဖြစ်သည်။

ဘယ်ကန်နိုင်ငံများက နယ်စပ်များကို ပိတ်ထားခြင်းကြောင့် အီတလီသို့ ခိုးဝင်လာခြင်းများ မြင့်မားလာနိုင်ကြောင်း တာဝန်ရှိသူများက ခန့်မှန်းထားသည်။

ယခုနှစ်တွင် မြေထဲပင်လယ်အတွင်း အနည်းဆုံးရွှေ့ပြောင်းဝင်ရောက်သူ ၈၀၀ ရေနစ်သေဆုံးခဲ့ဖွယ်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required