ပွဲအားလုံးက အရေးကြီးပါတယ်လို့ မြန်မာ့လက်ရွေးစင် နည်းပြချုပ်ပြော

ပွဲအားလုံးက အရေးကြီးပါတယ်လို့ မြန်မာ့လက်ရွေးစင် နည်းပြချုပ်ပြော
ဧပြီ ၃၀ ရက် (ယနေ့ညနေ) တွင် သုဝဏ္ဏကွင်း၌ MNL All Star အသင်းနှင့် မြန်မာ့လက်ရွေးစင်အသင်းတို့ လေ့ကျင့်ပြင်ဆင်နေစဉ် (ဓာတ်ပုံ-ရွှေဘုတ် / Mizzima)

“ ပွဲအားလုံးအတွက်အဓိကထားပြင်ဆင်နေပါတယ်။ ဒါပေမယ့် အနီးဆုံးပွဲဖြစ်တဲ့ နိုင်ငံခြားသားအသင်းနဲ့ ကန်မယ့်ပွဲနဲ့ မလေးရှားအသင်းတို့နဲ့ပွဲတွေအတွက်တော့ နည်းနည်းအာရုံစိုက်ထားတယ်။ ဘယ်ပွဲကအရေးကြီးဆုံးလဲဆိုတော့ ပွဲအားလုံးကအရေးကြီးပါတယ်။ ”

မြန်မာ့လက်ရွေးစင်အသင်းနည်းပြချုပ် ဂတ်ဇီဆီဖရိုင်းဒရစ်

“ ဒီကစားသမားတွေက မြန်မာနေရှင်နယ်လိဂ်ရဲ့ အကောင်းဆုံး နိုင်ငံခြားသားကစားသမားတွေလို့ ပြောလို့ရပါတယ်။ လေ့ကျင့်ချိန် အရမ်းမရပေမယ့် အကောင်းဆုံးပြင်ဆင်ထားပါတယ်။ မနက်ဖြန်ပွဲမှာ အကောင်းဆုံးကစားဖို့လည်း ကစားသမားတွေကို မှာထားပါတယ် ”

မြန်မာနေရှင်နယ်လိဂ် အောစတားအသင်းနည်းပြ ဦးမျိုးလှိုင်ဝင်း

ဆူဇူကီးဖလားပြိုင်ပွဲအတွက် ပြင်ဆင်မှုများပြုလုပ်နေသည့် မြန်မာ့လက်ရွေးစင်အသင်းအနေဖြင့် ပြိုင်ပွဲအကြိုပြင်ဆင်မှုအဖြစ် မြန်မာနေရှင်နယ်လိဂ်မှ နိုင်ငံခြားသားကစားသမားများဖြင့် ဖွဲ့စည်းထားသည့် MNL All Star အသင်းနှင့် မေလ ၁ ရက် (မနက်ဖြန်) ညနေ ၅ နာရီတွင် သုဝဏ္ဏကွင်း၌ ခြေစမ်းကစားမည် ဖြစ်ပြီး ယင်းပွဲကို ပရိသတ်များ အခမဲ့ ဝင်ရောက်ကြည့်ရှူခွင့် ရရှိမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly