Myanmar Media 7က "ဇရှိတဲ့ကောင်" ရုပ်ရှင်ဇာတ်ကားကြီးကို အောင်ရဲလင်းနှင့် ရိုက်ကူးမည်

Myanmar Media 7က "ဇရှိတဲ့ကောင်" ရုပ်ရှင်ဇာတ်ကားကြီးကို အောင်ရဲလင်းနှင့် ရိုက်ကူးမည်

ရန်ကုန်၊ ဧပြီ ၃၀  ။                 ။ Myanmar Media 7 မှ ၎င်းတို့၏ စတုတ္ထမြောက် ရုပ်ရှင် ဇာတ်ကားဖြစ်သည့် ဇရှိတဲ့ကောင်ဟု အမည်ပေးထားသည့် ရုပ်ရှင် ဇာတ်ကားကြီးကို မေလ ၁၀ရက်တွင် ပြင်ဦးလွင် နှင့် မန္တလေးတို့၌ စတင် ရိုက်ကူးသွားမည် ဖြစ်သည်။

မေလ ၁၀ရက်တွင် စတင် ရိုက်ကူးမည့် ရုပ်ရှင်ဇာတ်ကားကြီးကို ဒါရိုက်တာနေပိုင်မှ ရိုက်ကူး ပုံဖော်မည်ဖြစ်ပြီး သရုပ်ဆောင်များ အဖြစ် အောင်ရဲလင်း၊ သင်ဇာဝင့်ကျော်၊ ဇင်ဝိုင်းတို့ဖြင့် ရိုက်ကူး သွားမည် ဖြစ်သည်။

ဇာတ်လမ်းပုံစံမှာ ဒုစရိုက် လောကတွင် ကျင်လည်နေသည့် ကောင်လေး တစ်ဦးမှ အချစ် နှင့် တွေ့ရှိသွားသည့် အချိန်တွင် သစ္စာ ရှိမှုနှင့် အချစ်ကြားတွင် ဒွန်တွဲ နေပုံကို ရိုက်ကွက် ဆန်းဆန်းများဖြင့် ရိုက်ကူးသွားမည် ဖြစ်သည်။

"ဒီကားမှာ ပရိသတ်တွေ အနေနဲ့ ထူးခြားမှုလေးတွေ တွေ့ရမှာ။ ရုပ်ရှင် ဇာတ်ကားတစ်ခုမှာ အပြောင်းအလဲလေး တစ်ခု ပြသချင်တယ် ဇာတ်လမ်းလဲ ကြိုက်တဲ့ အတွက် ပြီးတော့ အောင်ရဲလင်းရဲ့ ပုံစံနဲ့လိုက်မယ်ထင်လို့ ရိုက်ဖြစ်တာပါ" ဟု ပြောသည်။

Myanmar Media 7 မှ ၄ကားမြောက် ရိုက်ကူးမည့် ရိုက်ကူးမည့် ဇရှိတဲ့ကောင် ရုပ်ရှင်ဇာတ်ကားသည် သရုပ်ဆောင် အောင်ရဲလင်း နှင့် ပထမဆုံး လက်တွဲ ရိုက်ကူးဖြစ်သည့် ရုပ်ရှင် ဇာတ်ကားကြီးတစ်ကားလည်း ဖြစ်သည်။

ထိုရုပ်ရှင်ဇာတ်ကားကြီးကို မေလ ၁၀ရက် မှ စတင်ပြီး မန္တလေး၊ ပြင်ဦးလွင်တို့တွင် သွားရောက် ရိုက်ကူးမည်ဖြစ်ပြီး ထူးခြားသည့် ရိုက်ကွက်များဖြင့် ရိုက်ကူးမည် ဖြစ်တာကြောင့် လက်ရှိတွင် ပြင်ဆင်မှုများလည်း လုပ်ဆောင်လျက်ရှိသည်။

လက်ရှိတွင် Myanmar Media 7 အနေဖြင့် မြန်မာ ရုပ်သံဇာတ်လမ်းတွဲ ၂ခု ဖြစ်သည့် ချာမ်း ရုပ်သံဇာတ်လမ်းတွဲနှင့် ရွှေမိုးငွေမိုးသွန်းဖြိုးလို့ ရွာအမည်ရှိ ရုပ်သံ ဇာတ်လမ်းတွဲ ၂ခုကို ရိုက်ကူးပုံဖော်လျက်ရှိပြီး ချာမ်းရုပ်သံ ဇာတ်လမ်းတွဲကတော့ လက်ရှိတွင် Mntv ရုပ်သံလိုင်းတွင် ပြသလျက် ရှိသည်။

ချာမ်းရုပ်သံဇာတ်လမ်းတွဲကို ဒါရိုက်တာ သားညီမှ ရိုက်ကူးပုံဖော်ထားပြီး ဇာတ်လမ်း၊ ဇာတ်ညွှန်း မင်းခိုက်စိုးစံ ဖြစ်ကာ သရုပ်ဆောင် တွေက ဘန်နီဖြိုး၊ သိန်းလင်းစိုး၊ ဖြိုးဇော်လင်း၊ နန်းဆုဦး၊ ထက်ထက်ထွန်းတို့ အပြင် တခြား သရုပ်ဆောင်များလည်း ပါဝင် သရုပ်ဆောင် ထားကြသည်။

ရွှေမိုးငွေမိုးသွန်းဖြိုးလို့ရွာ ရုပ်သံ ဇာတ်လမ်းတွဲ ကတော့ ဒါရိုက်တာ သြရသမှ ရိုက်ကူး ပုံဖော်လျက် ရှိပြီး သရုပ်ဆောင်များ အဖြစ် မင်းမော်ကွန်း၊ ထွန်းထွန်း၊ ရဲလေး၊ ဂျိုကာ နှင့် နန်းမြတ်ဖြိုးသင်း တို့မှ ပါဝင် သရုပ်ဆောင်ထားကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required