အဆိုတော် ပက်ခ်ဟွန်ဘင်း ယာဉ်မတော်တဆမှုတွင် ဒဏ်ရာရရှိခဲ့

အဆိုတော် ပက်ခ်ဟွန်ဘင်း ယာဉ်မတော်တဆမှုတွင် ဒဏ်ရာရရှိခဲ့

ဆိုးလ်၊ ဧပြီ ၃၀ ။           ။ တောင်ကိုရီးယားအဆိုတော် ပက်ခ်ဟွန်ဘင်းသည် ဧပြီ ၂၉ ရက်က ဂူဆန်မြို့သို့ သွားစဉ် ယဉ်မတော်တဆ ဖြစ်ပွားခဲ့မှုကြောင်း ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

ယာဉ်မတော်တဆမှုသည် အရက်သေစာသောက်စားခြင်း သို့မဟုတ် နောက်ထပ် ပွဲကျင်းပ မည့်နေရာကို သွားရောက်ရန် အလျင်လိုခဲ့ခြင်းကြောင့် မဟုတ်ကြောင်း ရုတ်တရက် ကားတစ်စီး ဖြတ်ဝင်လာခဲ့ရာ ယင်းကားကို ရှောင်ရန်ကြိုးစားရာမှ ပက်ခ်ဟွန်ဘင်း၏ ကားမှာ အပြင်းအထန် တိုက်မိခဲ့ခြင်းဖြစ်ကြောင်း အဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။

ပက်ခ်ဟွန်ဘင်း၏ ကားပေါ်တွင် လေးဦး စီးနင်းလိုက်ပါလာကြောင်းနှင့် ပက်ခ်ဟွန်ဘင်း၏ ညာဘက်ခြေထောက် ကျိုးခဲ့ပြီး ၎င်း၏ မန်နေဂျာသည် မျက်နှာတွင် ဒဏ်ရာရရှိခဲ့သည်။ ”ပက်ခ်ဟွန် ဘင်းကို နီးစပ်ရာ ဆေးရုံသို့ အမြန်ပို့ဆောင်ခဲ့ပါတယ်။ ပက်ခ်ဟာ ခွဲစိတ်မှုခံယူခဲ့ပါတယ်။ မန်နေဂျာဟာ ဆိုးဆိုးရွားရွား ထိခိုက်ခဲ့တာ မရှိပါဘူး။ ဒါပေမဲ့ ကံမကောင်းစွာနဲ့ သူရဲ့မျက်နှာမှာ ဒဏ်ရာရရှိခဲ့ပါတယ်” ဟု အဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။

“ကျွန်တော်ကို ဘယ်တော့မှ ထပ်မတွေ့ရတော့ဘူးလို့ ကျွန်တေ်ာထင်ထားတာ။ ကျွန်တော် ကိုယ်ကျွန်တော် သေပြီလို့ ထင်နေတာ။ ယဉ်တိုက်မှုဟာ ကျွန်တော့ကို အမှန်တကယ် နာကျင်စေ ပါတယ်” ဟု  ပက်ခ်ဟွန်ဘင်းက ခွဲစိတ်မှုခံယူပြီးနောက် ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly