လက်ထပ်လိုက်ပြီဖြစ်တဲ့ ကင်ဂျောင်အမ်

လက်ထပ်လိုက်ပြီဖြစ်တဲ့ ကင်ဂျောင်အမ်

ဆိုးလ်၊ ဧပြီ ၃၀ ။              ။ “Lovers in Paris” နှင့် “Make a Woman Cry” ဇာတ်ကားများဖြင့် ပရိတ်သတ်များ၏ အားပေးမှုကို ရရှိထားသော မင်းသမီး ကင်ဂျောင်အမ်သည် ဧပြီ ၂၉ ရက်က လက်ထပ်ပွဲ ကျင်းပခဲ့သည်။

ကင်ဂျောင်အမ်သည် မင်္ဂလာပွဲကို မတ်လတွင် အမေရိကန်ပြည်ထောင်စု၌ ကျင်းပပြုလုပ်သွား မည်ဟု ဒီဇင်ဘာက ကြေညာခဲ့သော်လည်း ကင်ဂျောင်အမ်နှင့် စေ့စပ်ထားသူတို့သည် ဆိုးလ်မြို့ရှိ စားသောက်ဆိုင်တွင် မင်္ဂလာပွဲကို ကျင်းပခဲ့သည်။ ကင်ဂျောင်အမ်တို့နှစ်ဦးသည် မင်္ဂလာပွဲကို မိသား စုဝင်နှင့် ရင်းနှီးသော မိတ်ဆွေများဖြင့်သာ ကျင်းပပြုလုပ်ခဲ့သည်။

“ကောင်းကင်နဲ့ ရာသီဥတုက ကျွန်မတို့ကို ကောင်းချီးပေးမူတွေနဲ့အတူ ဧပြီနေရောင်အောက် မှာ ဒီနေ့ ကျွန်မတို့နှစ်ဦး လက်ထပ်ခဲ့ပါတယ်။ ဂုဏ်ပြုစကား ပြောကြားပေးတဲ့သူတွေကို ကျေးဇူးတင်ပါ တယ်။ ကျွန်မ သရုပ်ဆောင်မင်းသမီးတစ်ယောက်၊ ဉာဏ်ပညာနဲ့ ပြည့်စုံပြီး သိမ်မွေ့တဲ့ ဇနီးတစ် ယောက်အဖြစ် ကြိုးစားနေထိုင်သွားမှာပါ” ဟု ကင်ဂျောင်အမ်က က ပြောကြားခဲ့သည်။

ကင်ဂျောင်အမ်၏ မင်္ဂလာပွဲကို ဂုဏ်ယူဝမ်းမြောက်ပါကြောင်းနှင့်  ကင်ဂျောင်အမ်တို့ ဇနီးမောင် နှံ ပျော်ရွှင်ပြီး ကျန်းမာစွာ နှစ်ပေါင်းများစွာတိုင် အတူနေရပါစေလို့ ဆန္ဒပြုပါကြောင်း  အေဂျင်စီက ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required