ဗြိတိန် တေးဂီတဇယားကို လွှမ်းမိုးထားတဲ့ ဘီယွန်စေးနှင့် ပရင့်စ်

ဗြိတိန် တေးဂီတဇယားကို လွှမ်းမိုးထားတဲ့ ဘီယွန်စေးနှင့် ပရင့်စ်

လန်ဒန်၊ ဧပြီ ၃၀ ။              ။ ကမ္ဘာကျော်အဆိုတော် ဘီယွန်စေးနှင့် ပရင့်စ်တို့သည် ယခုသီတင်းပတ်က ဗြိတိန်တေးအယ် လ်ဘမ်ဇယားကို လွှမ်းမိုးထားခဲ့ကြောင်းနှင့် ဘီယွန်စေး၏  “Lemonade” တေးအယ်လ်ဘမ်သည် ထိပ်ဆုံးနေရာတွင် ရပ်တည်နေပြီး ပရင့်စ်၏ တေးအယ်လ်များသည် ဒုတိယ၊ တတိယနှင့် စတုတ္ထ နေရာတို့တွင် ရပ်တည်နေသည်။

ဘီယွန်စေး၏ တေးအယ်လ်ဘမ်သည် အချပ်ရေ ၇၃၀၀၀ ချပ်ရောင်းချခဲ့ရပြီး ၂၀၁၆ ခုနှစ်၏ ဒုတိယရောင်းအားအကောင်းဆုံး တေးအယ်လ်ဘမ် ဖြစ်လာသည်။ ပရင့်စ် ရုတ်တရက် ကွယ်လွန်ပြီး နောက်ပိုင်း ပရိတ်သတ်များက ၎င်း၏ တေးသီချင်းများကို ဝယ်ယူမှု မြင့်တက်လာမှုကြောင့် ပရင့်စ်၏ တေးအယ်လ်ဘမ် ၁၅ ခုသည် တေးဂီတဇယားတွင် နေရာယူခဲ့သည်။

ပရင့်စ်၏ တေးအယ်လ်ဘမ်များဖြစ်သော “The Very Best Of” တေးအယ်လ်ဘမ်သည် ဒုတိယနေရာတွင် ရပ်တည်နေပြီး “Ultimate” တေးအယ်လ်ဘမ်သည် တတိယနေရာတွင် ရပ်တည် နေကာ “Purple Rain” တေးအယ်လ်ဘမ်သည် စတုတ္ထနေရာတွင် ရပ်တည်နေသည်။

ဘီယွန်စေး၏ “Lemonade” တေးအယ်လ်ဘမ်သည်  အွန်လိုင်း တေးသီချင်းရောင်းချမှုမှ တစ်ဆင့် အချပ်ရေ ၁၀၀၀၀ ရောင်းချနိုင်ခဲ့သည်။ အဒဲလ်၏ တေးသီချင်းအယ်လ်ဘမ် “25”သည် နိုဝင်ဘာလက ထွက်ရှိပြီးသည့်အချိန်မှစ၍ တေးဂီတဇယားတွင် ပထမဆုံးအကြိမ်အဖြစ် ထိပ်တန်း ငါးနေရာမှ ထွက်ခွာခဲ့ရသည်။

ဘီယွန်းစေးသည် တစ်ကိုယ်တော် တေးအယ်လ်ဘမ်ဇယား ထိပ်တန်း ၄၀ နေရာတွင် ၎င်း၏ တေးသီချင်း ခြောက်ပုဒ်ပါဝင်ခဲ့ကြောင်းနှင့် “Hold Up” တေးသီချင်းသည် နံပါတ် ၁၇ နေရာတွင် ရပ်တည်နေသည်။ ” Formation” ၊ “ Sorry” ၊ “ 6 Inch” ၊ “Don’t Hurt Yourself” နှင့် “Freedom” တေးသီချင်းများသည်လည်း ထိပ်တန်း ၄၀ နေရာတွင် ပါဝင်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly