နယူးယော့ခ်တွင် ဖျော်ဖြေပွဲကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့တဲ့ B.A.P အဖွဲ့

နယူးယော့ခ်တွင် ဖျော်ဖြေပွဲကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့တဲ့ B.A.P အဖွဲ့

တောင်ကိုရီးုယား အမျိုးသားအဆိုတော်အဖွဲ့ B.A.P အဖွဲ့၏ ဖျော်ဖြေပွဲကို နယူးယော့ခ်မြို့ရှိ  Playstation ပြဇာတ်ရုံတွင် အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည်။

“B.A.P Live on Earth 2016 World Tour U.S Awake!!” ဖျော်ဖြေပွဲသည် အမေရိကန်ရုပ် သံလိုင်း Fuse TV ဆောင်းပါး အယ်ဒီတာ ဂျက်ဖ်ဘန်ဂျာမင်၏ ကောင်းမွန်သော သုံးသပ်ချက်ကို ရရှိထားသည်။” ဖျော်ဖြေပွဲဟာ အံ့သြဖွယ် လုပ်ဆောင်ချက်တွေကို ပြသခဲ့တယ်။ ပရိတ်သတ်တွေအ နေနဲ့ အရမ်းကို ကျေနပ်နှစ်ခြိုက်မှာပါ” ဟု ၎င်းက ဆောင်းပါးတစ်ပုဒ်တွင် ပြောကြားထားသည်။

B.A.P အဖွဲ့သည် ယခင်က ကမ္ဘာလှည့်ဖျော်ဖြေပွဲကို အမေရိကန်တွင် ဆန်ဖရန်စစ္စကို၊ လော့အိန်ဂျလိစ်မြို့တို့တွင် ကျင်းပပြုလုပ်ခဲ့ဖူးကြောင်းနှင့် ပရိတ်သတ်များကလည်း အားပေးခဲ့ကြ သည်။ B.A.P အဖွဲ့သည် ၂၀၁၃ ခုနှစ်က  Pacific ကမ္ဘာလှည့်ဖျော်ဖြေပွဲနှင့် ၂၀၁၄ ခုနှစ်က  Continent ကမ္ဘာလှည့် ဖျော်ဖြေပွဲအပါအဝင် ယခုတစ်ကြိမ် ဖျော်ဖြေပွဲသည် နယူးယော့ခ်မြို့တွင် ပြုလုပ်ခဲ့သော အဖွဲ့၏ တတိယအကြိမ်မြောက် ဖျော်ဖြေပွဲဖြစ်သည်။

ကမ္ဘာလှည့်ဖျော်ဖြေပွဲကို ကနေဒါ၊ မက္ကဆီကို၊ အီတလီ၊ ဖင်လန်၊ ဗြိတိန်၊ ပိုလန်၊ ဂျာမန်။ ရုရှ၊ ထိုင်ဝမ်၊ သြစတြေးလျ၊ ဂျပန်၊ ထိုင်းနှင့် စင်္ကာပူနိုင်ငံ စုစုပေါင်း နိုင်ငံ ၁၄ နိုင်ငံတွင် ကျင်းပပြုလုပ်သွား မည် ဖြစ်သည်။

B.A.P သည် ၎င်းတို့၏ ပဉ္စမအကြိမ်မြောက် မီနီအယ်လ်ဘမ် “Carnival” ဖေဖော်ဝါရီ ၂၂ ရက် က ထွက်ရှိခဲ့ပြီးနောက်ပိုင်း ကမ္ဘာလှည့်ဖျော်ဖြေပွဲကို စတင်ခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags