ကဲလ်ဗင်ဟာရစ်နှင့် ရီဟားနားတို့ ပူးပေါင်းသီဆိုထားသော တေးသီချင်းသစ် ဧပြီ ၂၉ တွင် ထွက်ရှိမည်ဟု ကြေညာ

ကဲလ်ဗင်ဟာရစ်နှင့် ရီဟားနားတို့ ပူးပေါင်းသီဆိုထားသော တေးသီချင်းသစ် ဧပြီ ၂၉ တွင် ထွက်ရှိမည်ဟု ကြေညာ

စကော့တလန်ဒီဂျေသမား ကဲလ်ဗင်ဟာရစ်နှင့် ရီဟားနားတို့ ပူးပေါင်းသီဆိုထားသော “This Is What You Came For” တေးသီချင်းသစ် ဧပြီ ၂၉ ရက်တွင် ထွက်ရှိမည်ဆိုသော သတင်းက ပေါ့ပရိတ်သတ်များအတွက် နွေရာသီ အားလပ်ရက်များတွင် စိတ်ကျေနပ်မှုများရရှိစေမည် ဖြစ်သည်။

ကဲလ်ဗင်ဟာရစ်နှင့် ရီဟားနားတို့နှစ်ဦးသည် ၂၀၁၁ ခုနှစ်က နာမည်ကျော်ကြားခဲ့သော “We Found Love” တေးသီချင်းကို ပူးပေါင်းလုပ်ဆောင်ခဲ့ပြီးသည့် အချိန်မှစ၍ ယခုတစ်ကြိမ် ၎င်းတို့နှစ်ဦး အတူ တေးသီချင်းကို ပူးပေါင်းလုပ်ဆောင်ခြင်းသည် ပထမဆုံးအကြိမ် ဖြစ်သည်။

စကော့တလန် ဒီဂျေသမားက ရီဟားနား ပါဝင်သီဆိုထားသော တေးသီချင်းသစ် ဧပြီ ၂၉ ရက်တွင် ထွက်ရှိမည်ဖြစ်ကြောင်း ၎င်း၏ တွစ်တာစာမျက်နှာမှတစ်ဆင့် ကြေညာခဲ့သည်။

ကဲလ်ဗင်ဟာရစ်နှင့် ရီဟားနားတို့နှစ်ဦးသည် ၂၀၁၁ ခုနှစ်က “We Found Love” တေးသီချင်း ကို နောက်ဆုံးအကြိမ် ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်းနှင့် ယင်းတေးသီချင်းသည် ကမ္ဘာတစ်ဝှမ်းရှိ တေးဂီတ ဇယားများ၌ ထိပ်ဆုံးနေရာတွင် ရောက်ရှိခဲ့ပြီး ဟာရစ်ကို  ကမ္ဘာတစ်ဝှမ်း ထင်ပေါ်ကျော်ကြား လာအောင် လုပ်ပေးခဲ့သည်။

ဟာရစ်သည် လွန်ခဲ့သည့်နှစ်နှစ်အတွင်း ကမ္ဘာပေါ်တွင် ကြေးအမြင့်ဆုံးရရှိသည့် ဒီဂျေသမား တစ်ဦး ဖြစ်လာခဲ့ပြီး ပွဲတစ်ခုလျှင် အမေရိကန်ဒေါ်လာ ၆၆ သန်းရရှိခဲ့သည်။ ” We Found Love” တေးသီချင်းသည် ရီဟားနား၏  Talk That Talk တေးအယ်လ်ဘမ်တွင် ပါဝင်ခဲ့သည်။

ရီဟားနားသည် ယခုနှစ်နွေရာသီတွင် ဗြိတိန် နှင့် အိုင်ယာလန်တို့တွင် ဖျော်ဖြေပွဲများ လုပ်ဆောင်ရန် စီစဉ်နေကာ ဇွန် ၂၁ ရက်တွင် Aviva အားကစားကွင်းတွင် ဖျော်ဖြေပွဲစတင်သွား မည်ဖြစ်ပြီး လန်ဒန်ရှိ ဝင်ဘလေအားကစားကွင်း၊ ကွန်ဗန်ထရီမြို့နှင့် ဂလက်စကိုမြို့များတွင်လည်း ဖျော်ဖြေပွဲ ကျင်းပသွားမည်ဖြစ်သည့်အပြင် မန်ချက်စကာ၏ အိုးထရက်ဖို့ဒ် အားကစား၌ ဇွန် ၂၉ ရက်တွင် ဖျော်ဖြေပွဲကို အဆုံးသတ်သွားမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly