ကားဟွန်းတီးတဲ့သူတွေကို အရေးယူပေးပါလား

ကားဟွန်းတီးတဲ့သူတွေကို အရေးယူပေးပါလား

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သင်္ကန်းကျွန်းမြို့နယ်မှာနေတဲ့ ဒေါ်သစ်သစ်ထွန်းက မဇ္ဈိမ စာဖတ်သူကဏ္ဍကို မေးလ်နဲ့ စာတစ်စောင် ပေးပို့လာပါတယ်။ သူ့စာထဲမှာ ရေးထားတဲ့ အကြောင်းအရာကတော့ ဟွန်းသံကင်းမဲ့ဇုန်တွေ သတ်မှတ်ထားပေမယ့် မလိုက်နာကြတဲ့ ကားမောင်း သူတွေအကြောင်းနဲ့ ဘယ်လို အရေးယူကြမလဲဆိုတာကို အကျယ်တဝင့် ရေးသားပေးပို့ခဲ့တာ ဖြစ်ပါ တယ်။

စာရေးပေးပို့သူဟာ ကုမ္ပဏီဝန်ထမ်းတစ်ဦးဖြစ်ပြီး သင်္ကန်းကျွန်း လေးထောင့်ကန်လမ်းမကြီး ပေါ်မှာ နေထိုင်သူတစ်ဦးဖြစ်တယ်လို့ ဆိုပါတယ်။ သူနေတဲ့ အိမ်ခန်းဟာ သင်္ကန်းကျွန်းဈေးကြီးနဲ့ လည်း နီးနေတော့ လေးထောင့်ကန်လမ်းမကြီးပေါ်က ကုန်စိမ်းညဈေးကို လာတဲ့ကားတွေ၊ ဥဒဟို သွားနေကြတဲ့ ကားကြီး၊ ကားလတ်၊ ကားသေးတွေဟာ နေ့ဖတ်သာမက တစ်ညလုံးလည်း မောင်းနှင် နေကြတဲ့ ကားစက်သံတွေကြောင့် အမြဲလို ဆူညံနေတက်ပါတယ်။ ဒီထက်ပိုပြီး ဆူညံတာကတော့ လမ်းမကြီးပေါ် ဖြတ်သွားတဲ့ ကားအတော်များများဟာ ဟွန်းသံတညံညံနဲ့ မောင်းနှင်နေကြလို့ အသက် ကြီးသူ၊ ကျန်းမာရေးမကောင်ဘူး မဆိုထားနဲ့ သူ့လို အသက် ၃၀ မပြည့်သေးသူတွေတောင် အိပ်မရ ဖြစ်ပြီး မကြာခဏ နိုးနေလို့ ကျန်းမာရေးမကောင်း ဖြစ်ရတယ်လို့ ဆိုပါတယ်။

သူနေတဲ့ လမ်းပေါ်မှာတင် ကားဟွန်းသံတွေ ကြားရတာမဟုတ်ဘဲ ရုံးအသွားအပြန် လိုင်းကား စီးရတဲ့အခါမှာလည်း ကြုံတွေ့ရပါတယ်။ သတင်းစာ၊ ဂျာနယ်နဲ့ ရုပ်မြင်သံကြား၊ ရေဒီယိုတွေမှာ ဟွန်းသံကင်းမဲ့ဇုန်တွေ သတ်မှတ်တာကို ဖတ်ထား ကြားထားဖူးတဲ့ သူ့မှာ ကားဟွန်းသံတွေ ကြားရ တိုင်း အရေးယူတာ မတွေ့ဖူးလို့ စိတ်ထဲမှာ အမြဲပဲ ဒေါသဖြစ်မိပါတယ်။ မလိုအပ်ဘဲ ကားဟွန်းတီးတဲ့ ယာဉ်မောင်းတွေကို ထိထိရောက်ရောက် စီမံချက်တွေချပြီး အရေးယူစေချင်ပါတယ်။ မနေ့က သူရုံးသွားရင်း ပန်းဆိုးတန်းမှတ်တိုင်နားမှာ အနော်ရထာလမ်းအတိုင်း မောင်းနှင်လာတဲ့ ကိုယ်ပိုင်ကား တစ်စီးဟာ မီးပွိုင့်မိနေလို့ ကားတွေရပ်ထားတုန်း ဟွန်းသံ တတီတီ တီးနေလို့ ဘာကြောင့်လဲလို့ ကြည့်မိတော့ ပန်းဆိုးတန်းမီးပွိုင့်တွေ့စဉ်က သူ့ရှေ့ကနေ ကျော်တက်ပြီး လမ်းကြောင်းယူသွားတဲ့ ကုမ္ပဏီကားတစ်စီးကို မကျေနပ်လို့ ဟွန်းတတီတီ တီးပြီး ရန်စနေတာပါ။ တဖက်ကားကလူက ဒါကို သိလို့ အခြားလိုင်းဘက်ကို ကားကို ပြောင်းပြီး တီးသူကားနဲ့ ဝေးအောင် ရှောင်သွားတာ တွေ့ရပါ တယ်။ ရှောင်သွားတဲ့ကားကို မမြင်ရတော့လည်း ဆက်ပြီး ဟွန်းတီးနေဆဲဆိုတာကို သူစီးတဲ့ လိုင်းကားနဲ့ ယှဉ်ပြီး ရပ်နေတာကြောင့် မြင်ခဲ့ကြားခဲ့ရပါတယ်လို့ ပြောပါတယ်။

တကယ်ဆိုရင် ပန်းဆိုးတန်းမီးပွိုင့်မှာ တာဝန်ကျ ယာဉ်ထိန်းရဲ ရှိတာ ကားတွေရပ်နေတာနဲ့ သိပ်မဝေးတာကို လာပြီး အရေးယူရင် ရတာကို ဆူးလေမီးပွိုင့်ရောက်တဲ့အထိ ဆူညံနေတာကို အရေး မယူဘူး။ ဟွန်းသံဆူညံလို့ အခြားသူတွေ စိတ်အနှောက်အယှက် ဖြစ်ရတာကို ဟွန်းမတီးရလို့ ဥပဒေ ထုတ်ထားရက်သားနဲ့ လုပ်နေကြသူတွေကို ထိထိရောက်ရောက် အရေးယူပေးစေချင်ပါတယ်။ ယာဉ်ထိန်းရဲနဲ့မှ မလုံလောက်ရင် အခြား မထသလို အဖွဲ့အစည်းတွေ၊ လူမှုရေး အဖွဲ့အစည်းတွေ အကူအညီယူပြီး လုပ်ပေးစေချင်ပါတယ်။ အသံဆူညံလို့ ပတ်ဝန်းကျင် ထိခိုက်နစ်နာမှုတွေအတွက် တာဝန်ရှိသူတွေအနေနဲ့ ထိရောက်စွာ လုပ်ပေးစေလိုကြောင်း ရောလာတဲ့ စာကို ဖော်ပြလိုက်ရ ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly