ပိုလန်နိုင်ငံက မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံဖို့ အကြိုသဘောတူညီမှုယူထား

ပိုလန်နိုင်ငံက မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံဖို့ အကြိုသဘောတူညီမှုယူထား

ဥရောပသမဂ္ဂရဲ့ ဆဌမမြောက်အကြီးဆုံး စီးပွားရေးဖြစ်သလို ဥရောပအလယ်ပိုင်းရဲ့ အကြီးဆုံးစီးပွားရေး နိုင်ငံဖြစ်တဲ့ ပိုလန်နိုင်ငံဟာ မြန်မာနိုင်ငံနဲ့ အတူအပြန်အလှန်စီးပွားရေးတွေလုပ်ဆောင်ဖို့ စိတ်ဝင်စားလာနေပြီဖြစ်ပါတယ်။ လောလောဆယ်တော့ ပိုလန်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ မြန်မာနိုင်ငံမှာမရှိသေးပေမယ့် ဒီလိုရင်းနှီးမြှုပ်နှံမှုတွေကိုတိုးမြှုင့်ဖို့ ပိုလန်ဘက်က ဆန္ဒရှိလာနေတဲ့ အခြေအနေပါ။

စီးပွားရေးအခွင့်အလမ်းတွေအတွက် ပိုလန်ရဲ့ခြေလှမ်းအစလို့တော့ ပြောလို့ရပါ တယ်။

အခုဆိုရင် ပိုလန်နဲ့ မြန်မာနှစ်နိုင်ငံကြားမှာရင်းနှီးမြှုပ်နှံမှုတွေလုပ်ဆောင်ဖို့ အပြုသဘောဆောင်တဲ့ စာချုပ်တစ်ချို့ကိုတော့ ချုပ်ဆိုထားလိုက်နိုင်ပါပြီ။

"ဒီသဘောတူညီမှုက နောက်ထပ်ဖွံ့ဖြိုးမှုအတွက် အခြေခံဗျ၊ ပြီးတော့ ဒါကပိုလန်နဲ့ မြန်မာနိုင်ငံသမိုင်းမှာပထမဆုံးချုပ်ဆိုတဲ့ သဘောတူညီမှုဖြစ်တယ်။ နှစ်နိုင်ငံကြားအပြန်အလှန်စီးပွားရေးလုပ်ကိုင်ဖို့ အခြေခံကျသလို မြန်မာနိုင်ငံစီးပွားရေးတွေအနေနဲ့ ဥရောပသမဂ္ဂမှာပိုလန်ကနေတစ်ဆင့် ဝင်ရောက်လို့ရမယ့် စီးပွားရေးတံခါးပေါက်ကြီးလည်း ဖြစ်လာမှာသေချာပါတယ်။" လို့  ပိုလန်နိုင်ငံ ကုန်သည်များအသင်းက ဒုဥက္ကဋ္ဌ နှင့် အထွေထွေအုပ်ချုပ်မှုတာဝန်ကို ယူထားတဲ့ MarekKloczkoက ပြောပါတယ်။

လက်တလောတော့ ပိုလန်ရဲ့ ရင်းနှီးမြှုပ်နှံတွေက မြန်မာနိုင်ငံမှာ လုံးဝကို ဝင်ရောက်ထားတာတော့ မရှိသေးဘူး၊ တစ်နည်းအားဖြင့် နှစ်နိုင်ငံဆက်ဆံရေးတိုးမြှင့်ခြင်းကနေပိုလန်အနေနဲ့ ဒီမှာ စီးပွားရေးလာလုပ်ဖို့  အစိုးရသစ်လက်ထက်မှာ လက်ဦးမှုရယူထားနိုင်တဲ့ အခြေအနေပါ။

ဒီမှာကစီးပွားရေးလုပ်ဖို့ အချိန်အခါကောင်းဖြစ်တယ်ဗျ။ ပြီးတော့ မြန်မာနိုင်ငံလိုပဲပိုလန်က ပြုပြင်ပြောင်းလဲမှုတွေနဲ့ တိုးတက်လာနေတဲ့နိုင်ငံဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့အတွေ့အကြုံနဲ့   မြန်မာ့စီးပွားရေး တိုးတက်အောင် ပူးပေါင်းဆောင်ရွက်ချင်ပါတယ်။

မြန်မာနိုင်ငံကုန်သည်စက်မှုအသင်းချုပ်-ဥက္ကဌဖြစ်သူဖြစ်သူ ဦးဝင်းအောင်ကတော့ မြန်မာ-ပိုလန်နှစ်နိုင်ငံကြား အားကောင်းတဲ့ စီးပွားရေးချိတ်ဆက်မှုတွေ ဖြစ်လာဖို့ကိုပြောဆိုထားပြီးအခုချုပ်ဆိုထားတဲ့ သဘောတူညီမှုတွေမှာလည်းနည်းပညာကဏ္ဍ ရင်းနှီးမြှုပ်နှံမှုကဏ္ဍနဲ့ ခရီးသွားလာမှုကဏ္ဍမြှင့်တင်နိုင်စေဖို့ ရည်ရွယ်တယ်လို့ ပြောပြပါတယ်။

မြန်မာနိုင်ငံအနေနဲ့ကလည်းပိုလန်နဲ့ စီးပွားရေးတိုးမြှင့်ခြင်းကိုစောလျင်အောင်လုပ်ကိုင်နိုင်ဖို့ဆန္ဒရှိနေပြီးကုန်သွယ်ရေးအနေနဲ့ တန်ဘိုးမြင့်မြန်မာ့လယ်ယာထွက်ကုန်ပစ္စည်းတွေကိုပိုလန်ကနေတစ်ဆင့် ဥရောပဈေးကွက်တွေကို သွားရောက်ရောင်းချနိုင်ဖို့လည်း မျှော်လင့်နေပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly