လီအမ်ဟမ်ဆော့နဲ့ မင်္ဂလာပွဲ ကျင်းပချင်နေတဲ့ မိုင်လေ

လီအမ်ဟမ်ဆော့နဲ့ မင်္ဂလာပွဲ ကျင်းပချင်နေတဲ့ မိုင်လေ

အမေရိကန်အဆိုတော် မိုင်လေဆိုင်းရက်စ်သည် ချစ်သူဖြစ်သူ လီအမ်ဟမ်ဆော့နှင့် လက်ထပ် ပွဲ ကျင်းပရန် အစီစဉ်များ စတင်လုပ်ဆောင်လျက်ရှိကြောင်း ဆိုင်းရက်စ်နှင့် ရင်းနှီးသော သတင်းအ ရင်းမြစ်က Us Weekly ကို ပြောကြားခဲ့သည်။

“Wrecking Ball” အဆိုတော် အသက် ၂၃ နှစ်အရွယ်ရှိ ဆိုင်းရက်စ်သည် နွေရာသီ မင်္ဂလာပွဲ ကျင်းပလိုကြောင်းနှင့် မိခင်ဖြစ်သူတစ်ရှ်သည် သူမ၏ အစီစဉ်များကို ကူညီပေးလျက်ရှိကြောင်း အတွင်းလူတစ်ဦးက ပြောကြားခဲ့သည်။

ဆိုင်းရက်စ်နှင့် အသက် ၂၆ နှစ်အရွယ်ရှိ ဟမ်ဆော့တို့သည် ၂၀၁၃ ခုနှစ်က စေ့စပ်ပွဲကို ဖျက်သိမ်းခဲ့ကြောင်းနှင့်  ဒီဇင်ဘာလက ၎င်းတို့နှစ်ဦးသည် ပြန်လည်ပေါင်းစည်းခဲ့သည်။ ယင်းနောက် ပိုင်းမှစ၍ ဆိုင်းရက်စ်၏ ဘယ်ဘက် လက်သူကြွယ်တွင် စိန်လက်စွပ် ပြန်လည်ဝတ်ဆင်ထားသည်ကို တွေ့မြင်နေရသည်။

ဆိုင်းရက်စ်သည် လက်စွပ်ကို လူသိရှင်ကြား ဝတ်ဆင်ထားရုံသာမက လူမှုရေးမီဒီယာတွင် လည်း လက်စွပ်ဝတ်ထားသည့် ဓာတ်ပုံများကို တင်ခဲ့သည်။

“ဆိုင်းရက်စ်နဲ့ ဟမ်ဆော့တို့ဟာ လက်စ်ဗီးဂက်စ်မြို့ကို သွားရောက်ပြီး မင်္ဂလာပွဲ ကျင်းပနိုင် ဖွယ် ရှိပါတယ်” ဟု အတွင်းလူတစ်ဦးက ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required