ဧရာဝတီတိုင်းလွှတ်တော်ကော်မတီ ၃ ခုဖွဲ့စည်း

ဧရာဝတီတိုင်းလွှတ်တော်ကော်မတီ ၃ ခုဖွဲ့စည်း
ဓာတ်ပုံ - စည်သူမောင်မောင်

ပုသိမ် ၊ဧပြီ ၂၈ ။                ။ ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ပထမပုံပှန်အစည်းအဝေး ၁၁ ရက်မြောက်နေ့တွင် ကော်မတီ၃ခုအားဧပြီလ၂၈ရက်နေ့တွင်ဖွဲ့စည်းလိုက်သည်။

ယနေ့ဖွဲ့စည်းလိုက်သည့်ကော်မတီများမှာ စွမ်းအင်၊ဆက်သွယ်ရေး၊စက်မှုလက်မှုနှင့်ဆာက်လုပ်ရေးရာကော်မတီ၊ သာသနာရေး၊ စည်ပင်သာယာရေးနှင့် ပြည်သူ့ဆက်ဆံရေးရာကော်မတီ၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးနှင့်သဘာဝဘေးအန္တရာယ် ကာကွယ်ရေးရာကော်မတီတို့ဖြစ်ပြီး ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်တွင် ကော်မတီ ၁၁ခုအားဖွဲ့စည်း ထားပြီးဖြစ်သည်။

ဌာနဆိုင်ရာအဖွဲ့အစည်းများကျင့်သုံးသည် ဥပဒေများကိုလေ့လာပြီး ပယ်ဖျက်ရန်၊ပြင်ဆင်ရန်၊အသစ်ပြဋ္ဌာန်းရန်များရှိပါက လွှတ်တော်သို့တင်ပြရန်၊တည်ဆဲဥပဒေများနှင့်သက်ဆိုင်ရာဌာနအဖွဲ့အစည်းများမှ အခါအားလျော်စွာထုတ်ပြန်သည် အမိန့် ညွန်ကြားချက်များသည်လက်ရှိအခြေအနေနှင့် ညီညွတ်ဆီလျော်ပါက အမိန့်ညွှန်ကြားချက်များအားလိုက်နာဆောင်ရွက်ရာတွင် စောင့်ကြည်ထိန်းညှိကူရမည် ဟု ဒုက္ကဋ္ဌဦးစံမင်း ပြောသည်။

ကော်မတီသည် လုပ်ငန်းနှင့်ပတ်သက်၍ ဆက်စပ်သက်ဆိုင်သည့်အဖွဲ့အစည်းများမှ တာဝန်ရှိသူများအား ဖိတ်ကြား မေးမြန်းဆွေးနွေးနိုင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly