တိုင်းအစိုးရနှင့် ဌာနဆိုင်ရာတွေ့ဆုံပွဲ သတင်းယူခွင့်တားမြစ်

တိုင်းအစိုးရနှင့် ဌာနဆိုင်ရာတွေ့ဆုံပွဲ သတင်းယူခွင့်တားမြစ်
ဓာတ်ပုံ-စည်သူမောင်မောင်

ပုသိမ် ၊ဧပြီ ၂၇ ။             ။ ဧရာဝတီတိုင်းဒေသကြီးအစိုးရနှင့် တိုင်းအတွင်းဌာနဆိုင်ရာများတွေ့ဆုံပွဲကို  ဧပြီလ၂၇ရက်နေ့၊ ဧရာရွှေဝါခန်းမ ပြုလုပ်ခဲ့ပြီး ယင်းတွေ့ဆုံပွဲအား မီဒီယာများ သတင်းရယူခွင့်အားတားမြစ်ပိတ်ပင်ခဲ့သည်။

"ကျွန်တော်တို့ဆီ တင်ပြပါ၊ကျွန်တော်တို့က ဝန်ကြီးချုပ်တင်ပြမယ်၊ဝန်ကြီးချုပ် က ခွင့်ပြုရင်ရမယ်၊ ကျွန်တော်တို့ဆီ ဝင်ခွင့်တောင်းထားတာရှိလား၊ ဘယ်ပွဲဖြစ်ဖြစ် ပေါ့၊ ဝင်ခွင့်တောင်းမထားရင် ဝင်ခွင့်မရဘူး၊ MRTVနဲ့ပြန်ဆက်က အစိုးရအဖွဲ့လှုပ်ရှားမှုတွေ သတင်းထုတ်ပြန်ဖို့အတွက်ပေါ့"ဟုဧရာဝတီတိုင်းဒေသကြီးအစိုးရရုံးမှ တာဝန်ရှိသူကမီဒီယာများအားရှင်းပြသည်။

“ဒီနေ့လုပ်တဲ့ အခမ်းအနားက ရုတ်တရက်ထ စီစဉ်တာလိုသိရတယ်၊သိလို ကျွန်တော်တို့ လာတော့ ဝင်ခွင့်မပေးဘူး ၊အခု ဝင်ခွင်မပေးတာကို ဝန်ကြီးချုပ်မသိဘူး ထွေအုပ်က တားမြစ်တာလို့မြင်တယ်"ဟု DVBသတင်းထောက်ကိုစိုးရ တွေ့ဆုံပွဲ သတင်းရယူခွင့်တားမြစ်မှုနှင့်ပတ်သက်ပြီး ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်မှ ပိတ်ပင်ထားတာမရှိကြောင်း မီဒီယာများအားပြန်ရှင်းသည်။

"ပိတ်ပင်ထားတာမရှိဘူး၊ ငါ ဘာမှမသိဘူး၊နောက်တခါ အဲဒီလိုမဖြစ်အောင်လုပ်ပေးမယ်.၊ပြန်လည်းမေးမယ် မလုပ်ဖို့လည်းနောက်တခါကျရင် ဒီလိုမလုပ်ဖို့တားပေးမယ်"ဟု ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်မန်းဂျော်နီက မီဒီယာများအားပြောသည်။

ပထမအကြိမ် အစိုးရ သက်တမ်းတွင် ဧရာဝတီတိုင်းဒေသကြီးအတွင်း မီဒီယာများ သတင်းရယူခွင့် တားမြစ်မှုမရှိသလောက်ရှားကြောင်းနှင့် အခု တိုင်းအစိုးရအဖွဲ့ညွန်ကြားချက်မဖြစ်နိုင်ကြောင်း ပုသိမ်မီဒီယာသမားများသုံးသပ်မှုများရှိနေသည်။

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့နှင် ဌာနဆိုင်ရာများ ပထမဆုံအကြိမ်တွေ့ဆုံပွဲတွင် ပြန်ဆက်နှင့်MRTV တို့သတင်းရယူခွင့်ရပြီး တခြားသတင်းဌာနများအားတားမြစ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly