နယူးယောက်၊ ဧပြီ ၂၇ ။ ။ အိုင်ဖုန်းများ ရောင်းအားကျသွားခြင်းကြောင့် ကုမ္ပဏီ၏ ဒုတိယသုံးလပတ်ဘဏ္ဍာဝင်ငွေမှာ ၁၃ ရာခိုင်နှုန်းကျဆင်းကြောင်း Apple က ထုတ်ပြန်သည်။
ပြီးခဲ့သည့်နှစ်က ဘဏ္ဍာငွေ အမေရိကန်ဒေါ်လာ ၅၈ ဘီလီယံမှ ဒေါ်လာ ၅၀ ဒဿမ ၅၆ ဘီလီယံသို့ ကျဆင်းသွားခြင်းဖြစ်ပြီး ကုမ္ပဏီရောင်းအားအနေဖြင့်လည်း ၂၀၀၃ ခုနှစ်နောက်ပိုင်း ပထမဆုံးအဖြစ် ကျဆင်းကြောင်း ထုတ်ပြန်ခြင်းဖြစ်သည်။
အဆိုပါ ဒုတိယသုံးလပတ်အတွင်း အိုင်ဖုန်းရောင်းအားက ၅၁ ဒသမ ၂ သန်းရှိပြီး ၂၀၁၅ အလားတူသုံးလပတ်က ၆၁ ဒဿမ ၂ သန်းရောင်းအားမှ ကျဆင်းခြင်းဖြစ်သည်။
အထူးသဖြင့် တရုတ်နိုင်ငံတွင် ရောင်းအား ၂၆ ရာခိုင်နှုန်းကျခဲ့သည်။ ဒေါ်လာဈေးခိုင်ခြင်းကြောင့်လည်း ကုမ္ပဏီအား ဘဏ္ဍာငွေ အားနည်းရခြင်းဖြစ်သည်။
အက်ပဲလ်၏ ရှယ်ယာများက ၈ ရာခိုင်နှုန်းကျဆင်းသည်။
ကုမ္ပဏီအနေဖြင့် အားကောင်းသည့် အကြီးစားစီးပွားရေးလေဆန်နှင့် ကြုံတွေ့နေရခြင်းဖြစ်ကြောင်း အက်ပဲလ်စီအီးအို တမ်ကွတ်ကပြောသည်။