ပေကျင်းမြို့တွင် ရေလောင်းအိမ်သာတော်လှန်ရေးလုပ်ဆောင်၊ wifi အခမဲ့ အိမ်သာများ တည်ဆောက်မည်

ပေကျင်းမြို့တွင် ရေလောင်းအိမ်သာတော်လှန်ရေးလုပ်ဆောင်၊ wifi အခမဲ့ အိမ်သာများ တည်ဆောက်မည်

တရုတ်နိုင်ငံ ပေကျင်းမြို့တွင် ရေလောင်းအိမ်သာတော်လှန်ရေး လုပ်ဆောင်မှုတစ်ရပ်အဖြစ် ယခုနှစ်အတွင်း wifi အခမဲ့ အိမ်သာအလုံး ၁၀၀ တည်ဆောက်သွားမည်ဖြစ်ကြောင်း   ပေကျင်းမြူနီစပယ်က ပြောသည်။

ယင်းအိမ်သာများတွင် ATM စက်များ၊ ဖုန်းနှင့် လျှပ်စစ်ပစ္စည်းအားသွင်းနိုင်သည့် ပလပ်ပေါက်များပါ တပ်ဆင်ပေးထားမည်ဖြစ်ကြောင်း မြို့စီမံခန့်ခွဲရေးနှင့် ပတ်ဝန်းကျင်ရေးရာပေကျင်းမြူနီစပယ်ကော်မရှင် တာဝန်ရှိသူတစ်ဦးဖြစ်သည့် ကျိယန်က ပြောသည်။

ထိုပြင် ကလေးမိခင်များ မိခင်များ လက်လွတ်ခြေလွတ်ဖြင့် လွတ်လွတ်လပ်လပ် အသုံးပြုနိုင်အောင် ရေအိမ်နောက်တွင် ကလေးထိုင်ခုံများပါ တပ်ဆင်ပေးထားမည်ဖြစ်သည်။

ထိုရေလောင်းအိမ်သာတစ်လုံးအတွက် ခန့်မှန်းကုန်ကျစရိတ်မှာ ယွမ် ငါးသောင်း(အမေရိကန်ဒေါ်လာ ၇၆၈၅ ဒေါ်လာ) နှင့် ယွမ်တစ်သိန်းကြားရှိမည်ဖြစ်ကြောင်း ကျိယန်က ဆင်ဟွာသတင်းသို့ ပြောသည်။

ကလေးငယ်များအတွက် ဆီးသွားခွက်လည်း ပါမည်ဖြစ်ကာ လေဝင်လေထွက်နှင့် အဲယားကွန်းစနစ်ကို ဆောင်းတွင်းတွင် အပူချိန် ၁၂ ဒီဂရီဆဲလ်စီးရပ်စ်ရှိနေရန်နှင့် နွေကာလတွင် ၃၀ ဒီဂရီထက် မကျော်လွန်အောင်လည်း ထိန်းညှိထားမည့် စနစ်ဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။

တရုတ်မြို့ပြရှိ အများသုံးအိမ်သာများတွင် ကြမ်းပြင်များ ညစ်ပတ်ခြင်း၊ မသန့်ရှင်းနှင့် တစ်သျှူးထားရှိခြင်းများ နည်းပါးခြင်းများ ရှိနေသည်။

ပေကျင်းမြို့တော်အတွင်း ရေလောင်းအိမ်သာတော်လှန်ရေးကို နောက်ငါးနှစ်တာကာအတွက် စီမံကာ အများသုံးရေအိမ်များ အဆင့်မြင့်မားရေးနှင့် ဝန်ဆောင်မှုအဆင့်မြှင့်တင်ပေးနိုင်ရေး တို့အတွက်ဖြစ်ကြောင်း ကျိယန်က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required