ချောင်းဦးတွင် သောက်သုံးရေရရှိရေးအတွက် ဒေသခံများ စိုးရိမ်

ချောင်းဦးတွင် သောက်သုံးရေရရှိရေးအတွက် ဒေသခံများ စိုးရိမ်

 မုံရွာ၊ ဧပြီ ၂၆ ။            ။ စစ်ကိုင်းတိုင်းဒေသကြီး ချောင်းဦးမြို့နယ်၊ နွယ်ခွေကျေးရွာတွင် ကျေးရွာအတွင်းရှိ ကန်ရေများခမ်းခြောက်လာသည့်အတွက် သောက်သုံးရေရရှိရေးအတွက် စိုးရိမ်နေရကြောင်း ဒေသခံများက ပြောသည်။

နွယ်ခွေကျေးရွာတွင် ရေကန်ကြီး ၄ ကန် ရှိသော်လည်း အားလုံးမှာ ရေခမ်းခြောက်လာသည့် အတွက်ဖြစ်ကြောင်း ဒေသခံများက ပြောသည်။

"ကန်ရေက ခမ်းနေပြီ၊ ဒါ့ကြောင့် အခု ကန်တူးတာတွေလုပ်နေရတယ်။ နောက်နှစ်တွေအတွက်ပေါ့။ မိုးရွာပေမဲ့ ရွာသလောက်မရခဲ့လို့ ရေခမ်းခြောက် တာတွေဖြစ်လာပါတယ်။ နောက်နှစ် တွေမှာ ဒီလိုမဖြစ်ရအောင် ကန်တွေ တူးနေကြပါပြီ။"ဟု နွယ်ခွေရွာဒေသခံ ကိုဝင်းဇော်က ပြောသည်။

ယခုအချိန်တွင် ကန်ရေများ ခမ်းခြောက်နေသည့်အတွက် ရွာနှင့် မလှမ်းမကမ်းရှိ ချောင်းအတွင်းမှ ရေကို ခပ်ယူသုံးစွဲနေရကြောင်း၊ သိရသည်။

"ဘုံပိုင်တွင်းတွေတော့ ရှိတယ်။ ဒါပေမဲ့ ရန်ပုံငွေအတွက် ပိုက်ဆံတော့ ပေးရတယ်။ ချမ်းသာတဲ့လူတွေအတွက် မပြောပ ပေမယ့်ချို့တဲ့သူတွေအတွက်တော့ ခက်ခဲတာပေါ့။" နွယ်ခွေရွာ ဒေသခံ ကိုမျိုးကြီးက ပြောသည်။

အဆိုပါ နွယ်ခွေကျေးရွာတွင် တောင်သူလုပ်ငန်းကို အများစု လုပ်ကိုင်ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly