ပရီးမီးယားလိဂ်တစ်နှစ်တာ အကောင်းဆုံးကစားသမားဆုကို မာရက်ဇ်ရရှိ

ပရီးမီးယားလိဂ်တစ်နှစ်တာ အကောင်းဆုံးကစားသမားဆုကို မာရက်ဇ်ရရှိ

ဧပြီ ၂၅၊ လန်ဒန်။           ။ လက်စတာတိုက်စစ်မှူး မာရက်ဇ်သည် ပရော်ဖက်ရှင်နယ်ဘောလုံးသမားများအစည်းအရုံးမှပေးအပ်သည့် ပရီးမီးယားလိဂ်တစ်နှစ်တာ အကောင်းဆုံးကစားသမားဆုကို ရရှိခဲ့သည်။

မာရက်ဇ်သည် အမှတ်ပေးဇယားထိပ်ရောက်နေသည့် လက်စတာအသင်းအတွက် လိဂ်ပွဲ ၃၄ ပွဲတွင် ၁၇ ဂိုးသွင်းနိုင်ခဲ့ပြီး ၁၁ ကြိမ်ဂိုးဖန်တီး ပေးနိုင်ခဲ့သည်။

အယ်ဂျီးရီးယားလက်ရွေးစင်ကစားသမားမာရက်ဇ်ကို ဘဝတူပရော်ဖက်ရှင်နယ်ဘောလုံးသမားများက မဲပေးရွေးချယ်ခဲ့ကြခြင်းဖြစ်သည်။

တစ်နှစ်တာလူငယ်အကောင်းဆုံးကစားသမားဆုကိုမူ စပါးအသင်းမှ အသက် ၂၀ အရွယ်ကွင်းလယ်ကစားသမား ဒယ်လီအလီက ရရှိသွားခဲ့ သည်။

အသက် ၂၅ နှစ်အရွယ်ရှိ မာရက်ဇ်သည် စပါးတိုက်စစ်မှူး ဟယ်ရီကိန်း၊ အာဆင်နယ်ကွင်းလယ်လူ အိုဇေးလ်၊ ဝက်စ်ဟမ်းကွင်းလယ်လူ ပေယက်နှင့် လက်စတာအသင်းဖော်များဖြစ်သည့် တိုက်စစ်မှူးဗာဒီ၊ ကွင်းလယ်လူကန်တီတို့ကိုကျော်ဖြတ်ပြီး အကောင်းဆုံးကစားသမားဆု ရရှိခဲ့ခြင်းဖြစ်သည်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly