မိုးသီးများတွင် ဘက်တီးရီးယားများနှင့် ဓါတုဒြပ်ပေါင်းများ အများအပြားပါ၀င်နေကြောင်း သိပ္ပံပညာရှင်များ သတိပေးထား

မိုးသီးများတွင် ဘက်တီးရီးယားများနှင့် ဓါတုဒြပ်ပေါင်းများ အများအပြားပါ၀င်နေကြောင်း သိပ္ပံပညာရှင်များ သတိပေးထား

မိုးသီးများသည် ကောင်းကင်ပေါ်မှကျလာခြင်း ဖြစ်သဖြင့် သန့်စင်လိမ့်မည်ဟု ယူဆစရာရှိသော်လည်း တကယ်တမ်းတွင် ဓါတုဒြပ်ပေါင်း ၃၀၀၀ ကျော်နှင့် ဘက်တီးရီးယား ၇ မျိုးထက်မနည်းပါဝင်လျှက်ရှိသည်။

မိုးသီးများတွင် သစ်ပင်များ၌တွေ့ရတတ်သည့် ဘက်တီးရီးယားမျိုးစိတ်များ နှင့် ဓါတုဒြပ်ပေါင်း အမြောက်အများ ပါဝင်နေကြောင်းကို ဒိန်းမတ်သိပ္ပံပညာရှင်များက ၂၀၁၃ ခုနှစ်ကတည်းက တွေ့ရှိအတည်ပြုထားခြင်းဖြစ်သည်။

ဘက်တီးရီးယားများကို ကမ္ဘာမြေပြင်အထက် ၂၄ . ၈ မိုင် ရောက်သည်အထိတွေ့ရှိနိုင်ပြီး အာကာသထဲအထိပင်ပွားများ ရောက်ရှိနိုင်သည်။

ထို့ပြင် မိုးသီးများတွင်တွေ့ရှိရသော ဘက်တီးရီးယားအမျိုးအစားများအရ ယင်းတို့သည် တိမ်များစုဝေးမှုကို ဖြစ်ပေါ်စေနိုင်ပြီး မိုးသီးများကြွေကျခြင်းနှင့်ပင် တစ်နည်းတစ်ဖုံဆက်စပ်နေနိုင်သည်ကိုလည်း သိပ္ပံပညာရှင်များက တွေ့ရှိထားသည်။

ယခုအချိန်တွင် မြန်မာနိုင်ငံ၏ ဒေသအချို့တွင် မိုးသီးကြွေမှုများရှိနေရာ သိပ္ပံပညာရှင်များ၏ သတိပေးထားချက် အရဆိုလျှင် အဆိုပါမိုးသီးများကို စားသုံးခြင်း၊ တစ်နည်းနည်းဖြင့် ပါးစပ်အတွင်းဝင်ရောက်စေနိုင်မည့် အပြုအမူများ မလုပ်ဆောင်သင့်ကြောင်း မဇ္ဈိမမှ သတိပေးတင်ပြလိုက်ရပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly