မကွေးတိုင်း အစိုးရဝန်ကြီးများအိမ်ယာဝင်း အတွင်း ချံုနွယ်များမီးလောင်ကျွမ်းမှုဖြစ်ပွား

မကွေးတိုင်း အစိုးရဝန်ကြီးများအိမ်ယာဝင်း အတွင်း ချံုနွယ်များမီးလောင်ကျွမ်းမှုဖြစ်ပွား

မကွေး ဧပြီ ၂၄ ။           ။ ယနေ့ မွန်းလွဲ ၁၂နာရီ ၂၅ မိနစ်ခန့်က မကွေးမြို့ အောင်ရတနာရပ်ကွက် အစိုးရဝန်ကြီးများ အိမ်ယာဝင်းအတွင်းရှိ ချုံနွယ်ပိတ်ပေါင်းများ မီးလောင်ကျွမ်းခဲ့သည်။

မီးသတ်ယာဉ်(၉)စီး၊ ရေသယ်ယာဉ်(၂)စီးနှင့်အတူ တိုင်းဒေသကြီး မီးသတ် ဦးစီးမှူး ဦးအောင်ဝင်းစိန် ၊ မြို့နယ်မီးသတ် တပ်ဖွဲ့မှူး နှင့် တပ်ဖွဲ့ဝင်များ ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ ၊ ရပ်ကွက်နေပြည်သူများ ၊ မကွေးခရိုင် အုပ်ချုပ်ရေးမှူး နှင့် ဝန်ထမ်းများ ဝိုင်းဝန်းငြိမ်းသတ်မှုကြောင့် ၁၂နာရီ ၅၀ နာရီအချိန်တွင် မီးငြိမ်းသတ်နိုင်ခဲ့သည်။

အဆိုပါလောင်ကျွမ်းမှုသည် အစိုးရအိမ်ယာများနှင့်နီးကပ်သော လမ်းတစ်ဘက်တွင် လောင်ကျွမ်းခဲ့ခြင်းဖြစ်သော်လည်း ဒေသခံပြည်သူများ၏ ညီညွတ်မှုနှင့် တာဝန်ရှိသူများ၏ အချိန်မီ တာဝန်ထမ်း ဆောင်နိုင်ခဲ့မှုတို့ကြောင့် အိမ်ယာများသို့ ကူးစက်လောင်ကျွမ်းမှုအား ကာကွယ်နိုင်ခဲ့ကြောင်း နှင့် မီးလောင်ကျွမ်းမှုကြောင့် ပျက်စီးဆုံးရှုံးမှု တစ်စုံတစ်ရာ မရှိကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly