မကွေးတိုင်းတွင် သောက်သုံးရေ ပြတ်လပ်သော ကျေးရွာများအတွက်အလှူရှင်များ လိုအပ်နေ

မကွေးတိုင်းတွင် သောက်သုံးရေ ပြတ်လပ်သော ကျေးရွာများအတွက်အလှူရှင်များ လိုအပ်နေ

မကွေး၊ဧပြီ ၂၄ ။              ။ မကွေးတိုင်းဒေသကြီးအတွင်း  သောက်သုံးရေရှားပါးမှု အခက်အခဲများ ကြုံတွေ့နေရပြီး ကျေးလက်ဒေသဦးစီးဌာန နှင့် အုပ်ချုပ် ရေးအဖွဲ့အစည်း များ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ပုဂ္ဂလိက စေတနာရှင်များက ထောက်ပံ့မှုများရှိနေ ရှိသော်လည်း အလှူရှင်များ ထပ်မံ လိုအပ်နေသေးကြောင်း သိရသည်။

"သောက်သုံးရေပြတ်လပ်မှုအတွက် စက်ရေတွင်းတွေတူးဖော်ပေးနေသလို အင်ဂျင်စက်နဲ့ သောက်သုံး ရေလိုအပ်တဲ့နေရာတွေကိုလည်း စဉ်ဆက်မပြတ်လှူဒါန်းခဲ့တာ သိန်း(၈၀၀)ကျော်ဖိုးထိ လှူဒါန်းပေးခဲ့ပြီဖြစ်ပါ တယ်။ ဒါပေမဲ့ ရေရှားတဲ့ကျေးရွာတွေကို ပြီးပြည့်စုံအောင်မလှူနိုင်သေးပါဘူး။ ဆက်လက်လှူဒါန်းဖို့ ကျေးရွာ ပေါင်း(၂၀)ကျော်ကို ကွင်းဆင်းကြည့်ပြီးပါပြီ။ စက်ရေတွင်း ၊အုတ်ကန်၊ သောက်သုံးရေတို့အတွက် အလှူရှင် တွေက ဆက်သွယ်လှူဒါန်းမှုတွေလည်း ရှိနေပါတယ်။"ဟု ဒေသတွင်း ရေအခက်အခဲများအတွက် အလှူရှင်များ နှင့်   ပေါင်းစပ်ညှိနှိုင်း   ဆောင်ရွက်ပေးနေသူ ပရဟိတအကျိုးဆောင် ကိုဇော်မင်းထိုက်က ပြောသည်။

မကွေး၊ ရေနံချောင်း၊ နတ်မောက်၊ မြို့သစ်၊ တောင်တွင်းကြီး၊ ပွင့်ဖြူ၊ ဂန့်ဂေါ၊ အထက်မင်းလှ၊ ဆင်ပေါင်ဝဲမြို့နယ်များအတွင်းရှိ ကျေးလက်ဒေသများတွင် ရေအခက်အခဲ များကြုံတွေ့နေသူ များက ဆက်သွယ်အကူအညီတောင်းခံမှုများရှိနေ ပြီး လတ်တလောတွင် ဆင်ပေါင်ဝဲ မြို့နယ်အတွင်းရှိ အင်ရုံ အုပ်စု ၊ အောင်စည်သာတဲတိုက် တွင်အရေးပေါ် ရေလိုအပ်ချက်များရှိနေကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

နေရပ်ဒေသကွဲပြားသောအလွှာအသီးသီးမှ စက်ရေတွင်းလှူဒါန်းသူများ ၊ အင်ဂျင်စက်နှင့် သောက်သုံး ရေလှူဒါန်းသူများ မကွေးဒေသသို့ ဆက်သွယ်လှူဒါန်းမှုများရှိသော်လည်း ရေတွင်း၊ ရေကန်များ၊ စမ်းတွင်း၊ လက်ယက်တွင်းများ ခန်းခြောက်ချိန်ဖြစ်သည်နှင့်အညီ ရေလိုအပ်မှုပမာဏလည်း သိသိသာသာ လျော့ကျနိုင် ခြင်း မရှိသည့်အတွက် ရေကုသိုလ်ရှင်များ လိုအပ်နေဦးမည်ဖြစ်ကြောင်း မကွေးမြို့နယ်၊စာရေးဆရာ အသင်း အတွင်းရေးမှူး နန္ဒကျော်ခေါင်က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required