ရွန်နီကို ယူရို ၂၀၁၆ ပြိုင်ပွဲဝင်အသင်းတွင် ရွေးချယ်ရန် သေချာကြောင်း အင်္ဂလန်နည်းပြ ရွိုင်းဟော့ဒ်ဆန်ပြော

ရွန်နီကို ယူရို ၂၀၁၆ ပြိုင်ပွဲဝင်အသင်းတွင် ရွေးချယ်ရန် သေချာကြောင်း အင်္ဂလန်နည်းပြ ရွိုင်းဟော့ဒ်ဆန်ပြော

ဧပြီ ၂၂၊ အင်္ဂလန် ။         ။ အင်္ဂလန်အသင်းနည်းပြ ရွိုင်းဟော့ဒ်ဆန်က မန်ယူတိုက်စစ်မှူး ဝိန်းရွန်နီကို ယူရို ၂၀၁၆ ပြိုင်ပွဲဝင်မည့် အင်္ဂလန်အသင်းတွင် ရွေးချယ်ရန် သေချာကြောင်း ပြောဆိုလိုက်သည်။ သို့သော် ဟော့ဒ်ဆန်က ရွန်နီအနေဖြင့် ပွဲထွက်ကစားသမားနေရာအတွက် ယှဉ်ပြိုင်ရဖွယ်ရှိကြောင်း ပြောသည်။

ယခုနှစ်ရာသီတွင် ရွန်နီမှာ ဒဏ်ရာကြောင့် နှစ်လခန့်နားနေခဲ့ရသည့် အချိန်၌ ဂျေမီဗာဒီနှင့် ဟယ်ရီကိန်းတို့မှာ ခြေစွမ်းပြ ဂိုးများသွင်းလျက်ရှိသည်။ ထို့ကြောင့် ရွန်နီမှာ အင်္ဂလန်ကစားသမားဘ၀ ၁၃ နှစ်တာကာလတွင် စစ်မှန်သည့်ဖိအားနှင့် ကြုံတွေ့နေရပြီဖြစ်သည်။

'ရွန်နီသာ ကြံ့ခိုင်မှုအပြည့်နဲ့ ကစားနေမယ်ဆိုရင် သူ့ကို မရွေးစရာ အကြောင်း ဘာမှ မရှိပါဘူး။ သူဟာ ပြီးခဲ့တဲ့ ၂ နှစ်အတွင်း အသင်းခေါင်းဆောင်အဖြစ် အသင်းရဲ့ အဓိက အစိတ်အပိုင်းတစ်ခုအနေနဲ့ ပွဲ ၂၀ လောက်ကစားခဲ့တဲ့သူပါ။ သူ့ရဲ့ နေရာ ဒါမှမဟုတ် အသင်းခေါင်းဆောင်နေရာအတွက် မရွေးချယ်ဖို့ ဘာအကြောင်းပြချက်မှ မရှိပါဘူး။

သူ့နေရာအတွက် ပြိုင်ဆိုင်မှု ရှိလာပြီဆိုရင်တော့ သူကစားသင့်သလား အခြားတစ်ယောက် ကစားသင့်သလားဆိုတာ စဉ်းစားရတော့မှာ ကျွန်တော်သိပါတယ်။ နောက်တစ်ခုက အတူတွဲကစားကြမလားပေါ့။

သူက အသင်းအတွက် ၂ နှစ်လောက် အဓိက ကစားပေးခဲ့သူပါ။ သူ့ကို အသင်းလူစာရင်းက ချန်ခဲ့ဖို့ အကြံပေးတာကိုတော့ နားမလည်နိုင်ပါဘူး။ သူက ၂၃ ဦးစာရင်းမှာ ပါဖို့တော့ ထိုက်တန်သူပါ' ဟု ဟော့ဒ်ဆန်က ပြောဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required