ကမ္ဘာ့ပထမဦးဆုံး နိုင်ငံတကာ ရာသီဥတုသဘောတူညီချက် လက်မှတ်ရေးထိုး

ကမ္ဘာ့ပထမဦးဆုံး နိုင်ငံတကာ ရာသီဥတုသဘောတူညီချက် လက်မှတ်ရေးထိုး

ရန်ကုန်၊ ဧပြီ ၂၂ ။               ။ ကမ္ဘာ့ပထမဦးဆုံး နိုင်ငံတကာ ရာသီဥတုသဘောတူညီချက် ဖြစ်မြောက်ရေးအတွက် ပဲရစ်သဘောတူစာချုပ်ရေးသားချုပ်ဆိုခြင်းသည် အရေးပါသည့်ခြေလှမ်းဖြစ်ကြောင်း ဥရောပသမဂ္ဂမှ ကြေညာချက်ထုတ်ပြန်လိုက်သည်။

ကမ္ဘာကြီး ပူနွေးလာမှုကိုလျော့ချရန်  စွမ်းအင်အကူးအပြောင်းတွင် အချင်းချင်း အကူအညီပေးရန် လိုအပ်ပြီး ပူနွေးလာမှုကို၂ ဒီဂရီဆဲလ်စီးယပ်စ်သို့လျှော့ချနိုင်ကာ ၁.၅ ဒီဂရီဆဲလ်စီးယပ်စ်တိုးစေရန် ထိန်းချုပ်နိုင် မည်ဖြစ်ကြောင်း တစ်ကမ္ဘာလုံး ပူးပေါင်း ဆောင်ရွက်ရန်အလွန်ပင်အရေးကြီးကြောင်း ဖေါ်ပြထားသည်။

ပဲရစ်သဘောတူစာချုပ်ကို ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ အားလုံးနှင့် နိုင်ငံပေါင်း (၁၅၀) ကျော်က  ကမ္ဘာမြေနေ့ဖြစ်သော ဧပြီ ၂၂ ရက်တွင် သဘောတူ လက်မှတ်ရေးထိုးခဲ့ကြခြင်း ဖြစ်သည်။
ပဲရစ်မြို့တွင်ပြုလုပ်ခဲ့သော ပဲရစ်ရာသီဥတုညီလာခံ ကတိများကို အကောင်အထည်ဖော်ရန် ဥရောပ ၁၉၅ နိုင်ငံက သဘောတူညီမှုတည်ဆောက်ရာတွင် အဓိကပါဝင်ကြောင်း၊ အာဖရိက၊ ကာရေဘီယံနှင့် ပစိဖိတ်ဒေသများ (ACP) ရှိ ၇၉ နိုင်ငံနှင့် အတူတကွ ပူးပေါင်း ဆောင်ရွက်လျှက်ရှိကြောင်းထုတ်ပြန်ထားသည်။

ရာသီဥတု ပြောင်းလဲမှုကိုတိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ရင်ဆိုင်ခြင်းသည် လာမည့်ဇွန်လတွင် ပြုလုပ်မည့် ဥရောပကောင်စီတွင်တင်ပြမည့် ဥရောပသမဂ္ဂ၏ နိုင်ငံခြားရေးနှင့် လုံခြုံရေးပေါ်လစီ ဆိုင်ရာ ကမ္ဘာ့ဗျူဟာတွင် အရေးပါသောအချက်ပင်ဖြစ်ပြီး G7 ရှိမိတ်ဖက်များသည်လည်း လိုအပ်သော ဒေသများတွင် လှုပ်ရှားလုပ်ဆောင်ရန်ကြိုးပမ်းလျှက်ကြောင်း၊ ကုလသမဂ္ဂ၏ ၂၀၃၀ ဖွံ့ဖြိုးရေးအကျိုးပြုလုပ်ငန်းအရ ပေါ်လစီ အားလုံးသည် ရာသီဥတုပြောင်းလဲမှုကို လေ့လာ စောင့်ကြည့်နေရမည်ဖြစ်ကြောင်း ယင်းကြေညာချက်တွင် ဖေါ်ပြထားသည်။

ဥရောပ သမဂ္ဂသည် ကမ္ဘာတဝှမ်းမှ ဥရောပသမဂ္ဂသံရုံးနှင့်အဖွဲ့ဝင် နိုင်ငံသံရုံး ၃၀၀၀ ကိုဖြန့်ကျက်ထားလျှက်ရှိပြီး ရာသီဥတု အပြောင်းအလဲနှင့် ပက်သက်၍ အထောက်အကူများ ပေးလျက်ရှိကြောင်း ပါရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required