ဂျာမနီရှိ ဗောက်စ်ဝက်ဂွန်း စက်ရုံတွင် စက်ရုပ်က အမျိုးသားတစ်ဦးကို သတ်ဖြတ်ဟုဆို

ဂျာမနီရှိ ဗောက်စ်ဝက်ဂွန်း စက်ရုံတွင် စက်ရုပ်က အမျိုးသားတစ်ဦးကို သတ်ဖြတ်ဟုဆို

ဘောင်နာတယ်လ်၊ ဇူလိုင်၂ ။       ။ ဂျာမနီနိုင်ငံရှိ ဗောက်စ်ဝက်ဂွန်း၏ ထုတ်လုပ်ရေးစက်ရုံတစ်ခုတွင် စက်ရုပ်တစ်ခုက ကန်ထ ရိုက်တာတစ်ဦး သတ်ဖြတ်ခဲ့သည်ဟု သိရသည်။

၎င်းအမျိုးသားမှာ ဖရန့်ဖွတ်မြို့၏ မြောက်ဖက် ၆၂ မိုင်အကွာဘောင်နာ တယ်ရှိ စက်ရုံတွင် ဇွန်၂၉က သေဆုံးခဲ့သည်ဟု ဗောက်စ် ဝက်ဂွန်းမှ ပြောခွင့်ရပုဂ္ဂိုလ် ဟေးကိုဟီးလ်ဝစ်က ပြောကြားခဲ့သည်။

အသက်၂၂နှစ်အရွယ် ၎င်းအမျိုးသားမှာ အထိုင်စက်ရုပ်ဆင်သည့် အဖွဲ့တွင်ပါဝင်ပြီး စက်ရုပ်သည် ၎င်းအားဒရွတ်ဆွဲခေါ်သွားပြီး သတ္တုပြားတစ်ခုနှင့် ကြိတ်ပစ်လိုက်သည်ဟု ဟီးလ်ဝစ်ကပြောကြားခဲ့သည်။ကနဦးသုံးသပ်ချက်များအရ စက်ရုပ်နှင့် ပြသနာ တစ်ခုဖြစ်သည်ထက် လူ၏အမှားဟု အပြစ်ဖို့ခဲ့ကြသည်။

စက်ရုပ်ကို တပ်ဆင်ရေးလုပ်ငန်းစဉ်တွင် အလုပ်အမျိုးမျိုးဆောင်ရွက်ရန် ပရိုဂရမ်များကြိုတင်ထည့်သွင်းထားနိုင်သည်။ စက်ရုပ် သည် ပုံမှန်အားဖြင့် သတ်မှတ်ထားသည့် နယ်နိမိတ်အတွင်း ကားအစိပ်အပိုင်းများကို ဆွဲယူကာ ကျွမ်းကျင်စွာဆောင်ရွက်သည် ဟု ၎င်းကပြောကြားခဲ့သည်။

အခင်းဖြစ်ပွားချိန်အခြားကန်ထရိုက်တာတစ်ဦးလည်းရှိနေခဲ့သော်လည်း ၎င်းမှာမူ အန္တရာယ်မရှိဟု ဟီးလ်ဝစ်က ပြောကြားခဲ့ သည်။

ယင်းအမှုနှင့် ပတ်သက်၍ နောက်ထပ်အသေးစိတ်အချက်များ ပြောကြားရန်ကိုမူ ၎င်းကငြင်းဆိုခဲ့သည်။ ယင်းအမူနှင့် စုံစမ်းစစ်ဆေးမှုပြုလုပ်လျက်ရှိသည်။ အစိုးရရှေ့နေများမှာ မည်သူ့ကို တရားစွဲဆိုရမည်ကို စဉ်းစားလျက်ရှိသည်ဟု ဂျာမန်သတင်းအေဂျင်စီ ဒီပီအေက ဖော်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required